CORONAVIRUS DISEASE (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှင့် ပတ်သက်၍ ပြည်သူများထံ ပန်ကြားခြင်း

နေပြည်တော်၊ ၂၃ ဖေဖော်ဝါရီ



မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးသော်လည်း

 -
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားမြင့်မားနေပါသည်။


• COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လူနာများနှင့် တိုက်ရိုက်ထိတွေ့မှု (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံများသို့ လတ်တလောသွားရောက်ခဲ့သော ခရီးသွားရာဇဝင်စသည့် သိသာထင်ရှားသော အထောက်အထားများ မတွေ့ရှိရသူများတွင် ရောဂါကူးစက် ဖြစ်ပွားမှုများကို နိုင်ငံအချို့တွင် တွေ့ရှိနေရပါသည်။


လူစုလူဝေးများပြားသော နေရာများတွင် COVID-19 ရောဂါဖြစ်ပွားသူ (သို့မဟုတ်) ရောဂါလက္ခဏာ မပြသသေးသော်လည်းရောဂါရှိသူတစ်ဦးထံမှ အခြားသူတစ်ဦးထံသို့ ရောဂါကူးစက် ပြန့်ပွားနိုင်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် -


ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များ ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါရန်၊


အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်

နှင့်
အကယ်၍ ထိုသို့ မဖြစ်မနေကျင်းပရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကို တိကျစွာစနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန