COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးတွေ့ရှိ

(၂၇-၈-၂၀၂၀ရက်နေ့၊  ည (၈:၀၀)နာရီ

 

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် မျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၃)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၃၂၆) ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၈၇) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇) ခုနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆) ခု စုစုပေါင်း (၁,၃၅၅)ခုအား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။  

 

၂။         (၂၇-၈-၂၀၂၀) ရက်နေ့၊ ည (:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆၀၂) ဦး ရှိပြီပါသည်။

 

၃။         ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် () ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case- 362,363,368,369) ရှိသဖြင့် စုစုပေါင်း (၃၄၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၃၉) ဦးအားဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။         

                    

၄။         ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ()ဦး ရှိပါသည်။

 

၅။        (၂၆--၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၇--၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၇) ဦးရှိပါသည်။

Ref;ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန