Covid-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းများ ကျောက်ဖြူမြို့သို့ရောက်ရှိ

ကျောက်ဖြူ  ၃၁   ဩဂုတ်

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့  ရန်ကုန်မြို့မှ မြန်မာ့အမျိုးသား လေကြောင်းလိုင်းဖြင့် ခရိုင် ပြည်သူဆေးရုံကြီးတွင် တွဲဖက်တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ၁၇ ဦးသည် ယနေ့ ညနေ ၄  နာရီမိနစ် ၄၀ တွင် ကျောက်ဖြူလေဆိပ်သို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။

 

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် Covid-19 ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လက်ထောက်ဆရာဝန် (ဆေးပညာ) ဒေါက်တာသက်ကိုကိုအောင်၊ ဆေးတက္ကသိုလ် (မန္တလေး) မှ ဒေါက်တာ ဝင်းကိုဦးပါ အမျိုးသားနှစ်ဦး၊ ရန်ကုန်မြို့ သူနာပြုသင်တန်းကျောင်းမှ နည်းပြဖြစ်သူ ဒေါ်မြင့်မြင့်မိုးပါ သူနာပြု အမျိုးသမီး ၇ ဦး၊အမျိုးသားတစ်ဦး၊ ကွင်းဆိပ်တိုက်နယ်ဆေးရုံမှ ဓာတ်ခွဲကျွမ်းကျင် ဦးအောင်သန့်ဇင်ကျော်၊ စုစုပေါင်း ၁၇ ဦး တို့အား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးချမ်းသာ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းစံဦး၊ ခရိုင်ဆေးရုံအုပ်ကြီး ဦးရဲလွင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့များနှင့် မြို့မိ/မြို့ဖများက ကြိုဆိုခဲ့ကြသည်။ အဆိုပါဖွဲ့နေထိုင်ရန် ကျောက်ဖြူလူငယ် စင်တာ သို့ပို့ဆောင် ပေးခဲ့ကြသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့က PPE ဝတ်စုံ၊ masks နှင့် Oxygen Generator များ ပါဝင်သော စက္ကူပုံး ၄၃၅ ပုံးအား ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် Covid-19 ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ခရိုင်ပြန်/ဆက်)