COVID-19 ရောဂါ တိုက်ဖျက်ရန် စစ်အုပ်ချုပ်ရေးလို ပုံစံမျိုးနဲ့ အုပ်ချုပ်မယ်လို့ သမ္မတဒူတာတေး ခြိမ်းခြောက်

၁၇ ဧပြီ

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မြို့တော် မနီလာမှာ COVID-19 ရောဂါတိုက်ဖျက်ရန်အတွက် အသွားအလာပိတ်ဆို့ထား ပေမယ့် လက်တလောမှာ အသွားလာတွေ ပိုမိုပြုလုပ်နေတဲ့အတွက် အသွားအလာတွေ ရပ်သွားအောင် စစ်အုပ်ချုပ်ရေးလိုပုံစံမျိုးနဲ့ အုပ်ချုပ်မယ်လို့ ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့တစ်လကတည်းက မနီလာကို ပိတ်ဆို့ထားရာ လမ်းမတွေဟာ ကန္တာရလို ဖြစ်သွားခဲ့ပေမယ့် အခုနောက်ပိုင်း ကားအသွားလာတွေများခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့အခြေအနေတွေကို ပြောဆိုပြီး နောက်တစ်ရက်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

ကြာသပတေးနေ့ညနေပိုင်းက ရုပ်မြင်သံကြားကနေ သမ္မတက မိန့်ခွန်းပြောကြားရာတွင် “လူထုကို နည်းနည်းလောက် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစေချင်တယ်။ မလိုက်နာဘူးဆိုရင် ရဲနဲ့စစ်သားတွေက တာဝန်ယူသွားလိမ့်မယ်။ လူစုလူဝေးမလုပ်ဖို့ကို ကာဖျူးနဲ့ တားမြစ်မယ်။ အဲဒါက မာရှယ်လော လိုပုံစံမျိုး ဖြစ်မယ်။ ရွေးချယ်ကြပေါ့” ခြိမ်းခြောက် ပြောကြားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်နှုန်းဟာ  မတ်လကစတင်ပြီး တိုးမြင့်လာရာ လူဉီးရေ ၁၂ သန်း လောက်နေထိုင်တဲ့ မြို့တော်မနီလာနဲ့ နိုင်ငံမြောက်ပိုင်းက လူဇွန်ကျွန်းမှာ အသွားအလာ စောင့်ကြည့်မှုအောက်မှာ နေထိုင်ဖို့ သမ္မတက အမိန်ပေးလိုက်ပါတယ်။ မသွားမဖြစ်တဲ့ အလုပ်သမားတွေသာ အပြင်ထွက်ရတာမျိုးနဲ့ ဆေးနဲ့အစားအစာသာ ထွက်ဝယ်ခွင့်ရတာမျိုးကိုသာ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် လူအများအပြားက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လာတာ များပြားလာတာကို တွေ့ရပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၅၆၆၀ ဦးရှိပြီး သေဆုံးသူ ၃၆၂ ဦး ရှိကြောင်း ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပေမယ့် ကူးစက်ခံရသူ ပိုများလာမယ်လို့ ထင်ကြေးပေးထားပါတယ်။

 

MDN
ကိုးကား - AFP