COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲ

(၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီ

 

ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။

 

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၄) ခု၊

 

- ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၅)ခုနှင့်

 

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၂) ခုတို့တွင်-

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိခဲ့ရပါသည်။ (အဆိုပါ သတင်းကို ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

 

၂။ အဆိုပါ လူနာများ၏ အချက်အလက်များအား ပူးတွဲပါဇယားဖြင့် ဖော်ပြအပ်ပါသည်။

 

၃။ (၂၈-၈-၂၀၂၀)ရက်နေ့၊ နံနက် (၉:၃၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၆၂၈)ဦး ရှိပြီ ဖြစ်ပါသည်။

 

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

https://www.mohs.gov.mm/

 

Crd.Ministry of Health and Sports, Myanmar

 

222222333334444455555