COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲ့မှ အလှူငွေများထောက်ပံ့ပေးအပ်

mdn

တနင်္သာရီ  ဩဂုတ် ၅

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း (COVID-19)အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါသည် လက်ရှိတွင် ကူးစက်မှုနှုန်း မြင့်တက်နေသဖြင့် ကူးစက်ပျံ့နှံ့မှုမှကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲ့မှအလှုငွေထောက်ပံ့ပေးအပ် ခြင်းကို ဩဂုတ်လ၅ရက် နံနက်၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမအတွင်း ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီး အကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဒုတပ်ခွဲမှူးအောင်ကျော်ကျော်နှင့် စေတနာ့ဝန်ထမ်းများ (ကိုယ်စား)ချောင်းကြီးရပ်ကွက်-သုခရွှေရီကျန်းမာရေးအထောက်အကူပြုအသင်းမှ ဦးတင်ထွန်း တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးနိုင်က ထောက်ပံ့ငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက မိမိတို့မြို့နယ်မှာနေ့စဉ် ရောဂါကူးစက်သူဦးရေမြင့်တက်နေသဖြင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယခုထက် အရှိန်မြှင့်တင်၍ အလေးပေးဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ လှူဒါန်းထောက်ပံ့ငွေ(၃၅၀၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ကပေးအပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦး စီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက လက်ခံရယူသည်။

 

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှထောက်ပံ့လှူဒါန်းငွေ(၃၀၀၀၀၀)ကျပ်အား မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးနေဝင်းကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်က လက်ခံရယူကြောင်း သိ ရှိရသည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးကျော်စိုးအောင်တို့က ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား ပြည်သူအများကယခုထက် ပိုမိုလေးစားလိုက်နာလာအောင် သတိပေး/ အသိပေးနှိုးဆော်မှုများ၊ ပါးစပ်နှင့်နှာခေါင်းMask မတပ်ဘဲနေအိမ်အပြင်ထွက်ပါက ငွေဒဏ်တိုမြှင့် ၍ရိုက်ခြင်း/ ဈေးရောင်းချခွင့်(၃)ရက်ရပ်နားစေခြင်း၊ မြိတ်မြို့မှဈေးကား/ ဆိုင်ကယ်များကို မြို့အတွင်းတစ်လမ်းဝင်တစ်လမ်းထွက်လှည့်လည်ရောင်းချခွင့်မပြုတော့ဘဲ မြို့အပြင်တံတားဂိတ်အနီးမှ တစ်ဆင့် ကယ်ရီသမားစနစ်ဖြင့် ရောင်းချစေခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုဆွေးနွေးကြ ကြောင်း သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)