COVID-19 ရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရပုံများဆိုင်ရာ ဆွေးနွေးခန်း ထုတ်လွှင့်မည်

နေပြည်တော်  ၁၄  အောက်တိုဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ မိနစ် ၃၀ မှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခဲ့သည်။

ယခုအခါ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီခွဲတွင် COVID-19 ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းကို ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက်တွင် COVID-19 ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှ ဦးအေးသိန်း၊ တာမွေမြို့နယ်မှ ဒေါ်ခင်ခင်ဦးနှင့် အင်းစိန်မြို့နယ်မှ ဦးအောင်ခင်(ခ) နီတာတို့၏ COVID-19 ရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရပုံများဆိုင်ရာ ဆွေးနွေးခန်းအစီအစဉ်အား ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်