COVID-19 ရောဂါဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့/မြို့နယ်များမှ ခရီးသွားလာမှုများ ရှိခဲ့ပါက သတင်းပေးပို့ကြပါရန် သတိပေးနှိုးဆော်ပန်ကြားချက်          

(၂၈-၈-၂၀၂၀) ရက်     

မြန်မာနိုင်ငံတွင် (၂၈--၂၀၂၀)ရက်၊ နံနက်(၀:၀၀)နာရီအချိန်ထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ(၆၂၈)ဦးရှိပြီး ()ဦးသေဆုံးခဲ့ပါသည်။

(၁၆--၂၀၂၀) ရက်မှ (၂၈--၂၀၂၀) ရက်၊ နံနက်(၀:၀၀) နာရီအချိန်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သူများနှင့် စစ်တွေမြို့နယ် သို့/မှ ခရီးသွားလာသူများတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၂၁၆) ဦး ရှိပြီဖြစ်ပါသည်။

 

COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀--၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွား မှုများရှိနေသော မြို့နယ်များ သို့/မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်း ပေးပို့ရန် လိုအပ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ (၁၀-၈-၂၀၂၀) ရက်မှ စ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများ၏ အချက် အလက်များအား ဖော်ပြထားရှိရာ အဆိုပါပုဂ္ဂိုလ်များသည် တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေး မှုခံယူရန် လိုအပ်ပါသည်။

 

သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ ၏မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသဖြင့် သတင်းပေး ပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် တိုက်တွန်းနှိုးဆော်ပန်ကြားအပ်ပါသည်။

 

 သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေး ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန