စပါး အရည်အသွေးမကျဆင်းစေရန်နှင့် ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှု မလျော့ကျစေရေးအတွက်  သိုလှောင်စပါးမျိုးစေ့များအား အစိုဓာတ်တိုင်းတာပေးမှု လက်တွေ့ သရုပ်ပြသဆောင်ရွက်

ကောလင်း၊  ၂၆  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ၊ မင်းတဲကြီးရပ်ကွက် ၊ တောင်သူ ဦးဇော်လွင်၏ ဧရာမင်းစပါးမျိုးသိုလှောင်ထားရှိသည့်နေရာ၌ စပါးသီးနှံအရည်အသွေးမကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ကျစေရေးအတွက် သိုလှောင်သီးနှံ(ဧရာမင်း)စပါးမျိုးစေ့များအား သီးနှံအစိုဓာတ်တိုင်းကိရိယာ (Kett Moisture Tester)  Riceter fg- 512 နှင့် (Grain Moisture meter) တို့ဖြင့် အစိုဓာတ်တိုင်းတာပေးသည့်လက်တွေ့သရုပ်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ လက်တွေ့သရုပ်ပြသ ဆောင်ရွက်မှုတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်းနှင့်မြို့နယ်ဦးစီးမှူး ဦးလှမြင့်တို့မှ ဦးဆောင်၍ ခရိုင်၊မြို့နယ်၀န်ထမ်းအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)