စပါး၊ လီဗာပူးအသင်းတို့ပါဝင်သည့် ပရီမီယာလိဂ်လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်

ပရီမီယာလိဂ်လက်ကျန် ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်များတွင် ဘန်လေက စပါး၊ ဝက်ဖို့ဒ်က ပဲလေ့စ်၊ လီဗာပူးက လိဒ်စ်အသင်းတို့နှင့် ဆုံတွေ့နေသည်။

ဘန်လေနှင့် စပါးအသင်းက ပရီမီယာလိဂ်ပွဲကျန် ၁၃ ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဘန်လေအသင်း သည် ပရီမီယာလိဂ် ၂ ပွဲ ကစားပြီး ရမှတ် ၁၇ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေပြီး ပြိုင်ဘက်စပါးအသင်းက ၂၃ ပွဲကစားပြီး ရမှတ် ၃၉ မှတ်ဖြင့် အဆင့် (၄) အတွင်းဝင်ရန် ကြိုးစားနေသည့် အသင်းဖြစ်သည်။ စပါးအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်တွင် မန်စီးတီးအသင်းကို ကိန်း၏နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားလာမည့် ဘန်လေအသင်းကို ခက်ခက်ခဲခဲ ကစားရဖွယ်ရှိသည်။

ဝက်ဖို့ဒ်နှင့် ပဲလေ့စ်အသင်းက ပရီမီယာလိဂ်ပွဲကျန် ၁၈ ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဝက်ဖို့ဒ် အသင်းရော ပဲလေ့စ်အသင်းပါ နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့် ငါးပွဲတွင် နိုင်ပွဲတစ်ပွဲသာ ရရှိထား သောကြောင့် ခြေစွမ်းအကျဘက်ရောက်နေသည်။ သို့သော်လည်း တန်းဆင်းဇုန်အတွင်း ကျရောက် နေသည့် ဝက်ဖို့ဒ်အသင်းအနေဖြင့် ပဲလေ့စ်အသင်းကို အနိုင်ရရှိရေး အားစိုက်ကစားလာမည်ဖြစ်သည်။

လီဗာပူးနှင့် လိဒ်စ်အသင်းတို့က ပရီမီယာလိဂ်ပွဲကျန် ၁၉ ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လီဗာပူး အသင်းသည် ယခုပွဲစဉ် အနိုင်ရရှိလျှင် ဦးဆောင်သူ မန်စီးတီးအသင်းနှင့် ပွဲတူ သုံးမှတ် အကွာသို့ ရောက်ရှိလာမည်ဖြစ်သည့်အတွက် နည်းပြ ကလော့ပ်အနေဖြင့် အားထားရသည့် ကစားသမား အစုံအလင်ဖြင့် လိဒ်စ်အသင်းကို ရင်ဆိုင်လာဖွယ်ရှိသည်။ လိဒ်စ်အသင်းကလည်း နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် လေးပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေတစ်ပွဲနှင့် ရှုံးပွဲသုံးပွဲအထိ ရှိထားသည့်အတွက် နိုင်ပွဲရရှိရေး ဦးတည်လာမည်ဖြစ်သည်။

အောင်ဇော်