စပါးအိမ်ကွင်းမှာ နိုင်ပွဲရယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ဖို့ အခြေနေကောင်းသွားခဲ့သည့် အေဂျက်

MDN

၁ မေ

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ပထမအကျော့) ပွဲစဉ်အဖြစ် စပါးအသင်းနှင့် အေဂျက်အသင်းတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အေဂျက်အသင်းက စပါးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ဖို့ အခြေနေကောင်းသွားခဲ့ပြီဖြစ်သည်။

 

ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ရေးအတွက် နှစ်သင်းစလုံးမှာ အဓိကအမှာခံကစား သမားများဖြင့် လူစုံထုတ်ကစားခဲ့ကြပြီး အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ကစားခဲ့သည့် အေဂျက်အသင်းက  ပထမပိုင်း ပွဲချိန် ၁၅ မိနစ်တွင် ဗန်ဒါဘေ့ခ် ၏ သွင်းဂိုးဖြင့် စပါးအသင်းကို ပထမပိုင်းမှာ ဦးဆောင် ကစားခဲ့နိုင်ခဲ့သည်။

 

ဒုတိယပိုင်းတွင် စပါးအသင်း ချေပဂိုးပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့သော်လည်း အေဂျက်အသင်းက အကောင်းဆုံးပုံစံဖြင့် ဟန့်တားမှုတွေကြောင့် ဂိုးရရှိဖို့ခက်ခဲခဲ့သလို ပွဲချိန် ၇၀ မိနစ်တွင် အေဂျက်ကစားသမား နေရိစ်၏ ကန်ချက် တိုင်ထိထွက်ခဲ့ခြင်းကြောင့် စပါးအသင်း သက်သာခဲ့ရသည်။ လက်ကျန်မိနစ်များတွင် စပါးအသင်း ဂိုးရရှိဖို့အတွက် အားထုတ်ခဲ့သော်လည်း အေဂျက်အသင်းက ဂိုးမပေးရရေး ထိန်းချုပ်ကစား နိုင်ခဲ့ခြင်းကြောင့် ပွဲအပြီးတွင် တစ်ဂိုး ဂိုးမရှိဖြင့် အေဂျက်အသင်းက အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

MDN