စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့တွင် ဆီဗီလာကို ရှုံးနိမ့်ခဲ့သည့် ဘာစီလိုနာ

၂၄ ဇန်နဝါရီ 


စပိန်ဘုရင့်ဖလား  ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် ဆီဗီလာအသင်းနှင့် ဘာစီလိုနာအသင်းတို့ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘာစီလိုနာအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

123


ဘာစီလိုနာကို  အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့သည့် ဆီဗီလာအသင်းသည် ပထမပိုင်းတွင် ဂိုးသွင်း ယူနိုင်ခဲ့ခြင်း မရှိသလို ဒုတိယပိုင်းမှာ ပုံစံကောင်းပြသကာ အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ 


ဆီဗီလာအသင်းအတွက် သွင်းဂိုများကို ပွဲချိန် ၅၈ မိနစ်တွင် ဆာရာဘီယာနှင့် ၇၆ မိနစ်တွင် ဘင်ယက်ဒါ တို့က သွင်းယူပေးခဲ့ကြသည်။ 


ဆီဗီလာအသင်းမှာ ယခုပွဲစဉ် အနိုင်ရလဒ်ကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ရန် အခွင့်အရေး ပိုများသွားခဲ့ပြီဖြစ်သည်။ 


MDN