အောက်တိုဘာ ၂၉
နည်းပြရော်နယ်လ်ကိုးမန်းဟာ ဘာစီလိုနာအသင်းနည်းပြဘဝကို ၁၄ လကြာတာဝန်ယူကိုင်တွယ်ပြီးနောက် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။
ရော်နယ်လ်ကိုးမန်းဟာ စပိန်လာလီဂါပွဲစဉ် ၁၀ ပွဲမှာ ရမှတ်စုစုပေါင်း ၁၅ မှတ်သာရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် မှာလည်း နှစ်ပွဲအထိရှုံးပွဲကြုံခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အောက်တိုဘာ ၂၇ ရက် ညပိုင်းက ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရော်နယ်လ်ကိုးမန်းကို ဘာစီလိုနာအသင်းက နည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့သလို ဗယ်လက်ကာနိုအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာလည်း အသင်းရဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်လေးပွဲမှာ သုံးပွဲအထိရှုံးပွဲကြုံခဲ့တဲ့မှတ်တမ်းဆိုးကို ရရှိပိုင်ဆိုင်ခဲ့ ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်လ်ကိုးမန်းကိုအသင်းနည်းပြအဖြစ်ကနေထုတ်ပယ်ခဲ့ပြီးနောက် အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားဟောင်း ဇာဗီဟာ ကိုးမန်းရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမည့် | နည်းပြသစ်အဖြစ် ရေပန်းစားနေတာ ဖြစ်ပါတယ်။