စပိန်မီးတောင်ပေါက်ကွဲမှု တိုးလာသဖြင့် ယူရို ၂၀၆ သန်း ကူညီမည်ဟု ဝန်ကြီးချုပ် ကတိပြု

မက်ဒရစ် အောက်တိုဘာ ၄

 

လာပါးမားကျွန်းတွင် Cumbre Vieja မီးတောင်လှုပ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသဖြင့် အဆိုပါဒေသတွင် အကူအညီပေးရန်အတွက် ယူရို ၂၀၆ သန်းကို အကူအညီအဖြစ် ပေးအပ်သွားမည်ဟု စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ်က အောက်တိုဘာ ၃ ရက်တွင် ကတိပြု ပြောကြားခဲ့သည်။

 

အကူအညီပေးရေး အစီအစဉ်မှာ ရေပေးဝေမှု၊ ခရီးသွားကဏ္ဍနှင့် အခြေခံအဆောက်အအုံများတွင် အကူအညီပေးရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်မည့် အစိုးရ အဖွဲ့အစည်းအဝေးတွင် အတည်ပြုနိုင်ရေးအတွက် ရည်မှန်းထားသည်။ ဖြစ်နိုင်သမျှ မြန်မြန် လုပ်ဆောင်သွားမည်ဟု လည်း စပိန်ဝန်ကြီးချုပ်က ပြောသည်။

 

ကျွန်းသို့ အလည်လာသည့် ခရီးသွားများနှင့် ဒေသခံများ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ စပိန်ဝန်ကြီးချုပ်သည် အဆိုပါကျွန်းသို့ အောက်တိုဘာ ၃ ရက်တွင် တတိယအကြိမ်အဖြစ် လာရောက်ခဲ့ပြီး မီးတောင် လှုပ်ခတ်နေသည်မှာလည်း ၁၅ ရက် ရှိနေပြီဖြစ်သည်။

 

မီးတောင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၆၀၀၀ ဝန်းကျင်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့ရသည်။ မီးတောင်လှုပ်ခတ်မှု အခြေအနေများမှာ အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ပိုမိုတိုးလာခဲ့သည်ဟုလည်း သိရသည်။

 

ဆင်ဟွာ