စပိန်နိုင်ငံက ပြင်သစ်နယ်စပ်ဂိတ်ကို ဖွင့်လိုက်ပြီ

၂၁ ဇွန်

စပိန်နိုင်ငံက ပြင်သစ်နိုင်ငံနဲ့ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်ကို လွတ်လွတ်လပ်လပ်ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။ မတ်လက စပြီး ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို ဒီနေ့(တနင်္ဂနွေနေ့) မှာ ပြန်ဖွင့်လိုက်တာဖြစ်ပြီး စပိန်နိုင်ငံကို လာရောက်မယ့် သူတွေဟာ သီတင်းနှစ်ပတ် စောင့်ကြည့်ကန့်သတ်မှုအောက်မှာ နေစရာမလိုကြောင်း သိရပါတယ်။

 

စပိန်အစိုးရက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသားတွေနဲ့ Schengen ဇုန်အတွင်းမှာ နေထိုင်သူတွေကို စပိန်နိုင်ငံတွင်း ၁၄ ရက်တိတိ စောင့်ကြည့်ကန့်သတ်မှုအောက်မှာ နေစရာမလိုဘဲ ဇွန် ၂၁ ရက်ကစပြီး လာရောက်ခွင့် ရှိကြောင်း ဇွန်၂၀ ရက်နေ့က ကြေညာလိုက်တာဖြစ်ပါတယ်။

 

စပိန်နိုင်ငံဟာ ခရီးသွားလာရေးလုပ်ငန်းအပေါ်မှာ မှီခိုမှုရှိတဲ့ မက်ဒရစ်၊ ဘာစီလိုးနားနဲ့ ကတ်တလန်ဒေသတွေဟာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားတဲ့အတွက် စီးပွားရေးဟာ ကျန်ဒေသတွေထက် အထိနာကြောင်း သိရပါတယ်။

 

စပိန်နိုင်ငံမှာ “နေထိုင်မှု ပုံစံအသစ်” အနေနဲ့ မျက်နှာဖုံး ဝတ်ဆင်ပြီး တစ်ဦးနဲ့တစ်ဦးကြား ၁ ဒသမ ၅ မိုင်(၅ ပေ) အကွာမှာရှိနေကြရေး၊ စားသောက်ဆိုင်၊ ကမ်းခြေ၊ ဟိုတယ် နဲ့ ရေကူးခန်းတွေမှာတော့ အကန့်သတ်တိုင်းရှိမှာ ဖြစ်ပါတယ်။

 

စပိန်လေဆိပ်တွေကို နိုင်ငံခြားကနေ ရောက်ရှိလာမယ့် ခရီးသည်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ခြင်းတွေ ပြုလုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၆၀၀ နီးပါးက တာဝန်ယူမယ်လို့ သိရပါတယ်။

 

ဇူလိုင် ၁ ရက်နေ့ကစပြီး စပိန်နိုင်ငံရဲ့ နယ်စပ်ဂိတ်အားလုံးကို ဖွင့်သွားမှာလို့ သိရပါတယ်။

 

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် အများဆုံးခံခဲ့ရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ လူပေါင်း သုံးသိန်းနီးပါး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၂၈,၀၀၀ ကျော်သေဆုံးပါတယ်။

MDN

ကိုးကား - AFP