စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ကြေညာ

၂၆ အောက်တိုဘာ

 

 

စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် အတွက် တစ်နိုင်ငံလုံးကို ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။  အရေးပေါ် အခြေအနေဟာ ၂၀၂၁ ခုနှစ် မေလဆန်းအထိ ကြာမြင့်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ရုပ်မြင်သံကြားနေ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

 

တနင်္ဂနွေနေ့က ကြေညာခဲ့တဲ့ အရေးပေါ် အခြေအနေအရ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဒေသတစ်ခုနဲ့ တစ်ခုကြားက ခရီးသွားခွင့်ကိုပါ တားမြစ်နိုင်ကြောင်း ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ် ပြောပါတယ်။

 

 

နိုင်ငံကို အရေးပေါ် အခြေအနေ မကြေညာခင်မှာ အစိုးရ အဖွဲ့ဝင်တွေ နှစ်နာရီခွဲကြာ အသေအချာ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း၊ နိုင်ငံမှာ အခက်ခဲဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ကန်နရီကျွန်းမှလွဲပြီး စပိန်တစ်နိုင်ငံမှာ  တနင်္ဂနွေနေ့ကစပြီး ညမထွက်ရ အမိန့် ည ၁၁ နာရီမှ နံနက် ၆ နာရီအထိလည်း ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ဉရေပနိုင်ငံတွေမှာ စပိန်နိုင်ငံဟာ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁ သန်းကျော်တဲ့ နိုင်ငံဖြစ်ပါတယ်။

 

 

ကမ္ဘာမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၂ သန်းကျော် ရှိသွားပြီး သေဆုံးသူဟာ ၁.၁ သန်း ရှိလာနေပြီ ဖြစ်ပါတယ်။

 

 

နိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ အရေးပေါ် အခြေအနေအရ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက ဒေသတွင်းရှိ ဆေးဝါးနဲ့လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အရ အသွားအလာ ကန့်သတ်တားမြစ်ခွင့်ရှိခြင်း၊ လူမြင်မှာ လူစုဝေးခွင့်နဲ့ တစ်အိမ်တစ်အိမ် တွေ့ဆုံရာမှာလည်း လူ ၆ ယောက်ထက် ပိုပြီးစုဝေးခွင့် မရှိခြင်းတွေပါ ပါရှိကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်း အတွင်းမှာ စပိန်နိုင်ငံတွင် အရေးအပေါ် အခြေအနေကို မတ် ၁၅ ရက်ကနေ ဇွန် ၂၁ ရက်အထိ ထုတ်ပြန်ဖူးတာကိုလည်း တွေ့ရပါတယ်။

 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁ သန်းကျော်ရှိပြီး သေဆုံးသူဟာ ၃၅,၀၀၀ နီးပါးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP