စပိန်တင်းနစ်ကျော် ရာဖေးနာဒယ် ကိုဗစ်-၁၉ ကူးစက်

မက်ဒရစ်   ဒီဇင်ဘာ   ၂၁

စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်က စပိန်သို့ ဆိုက်ရောက်ချိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံ ထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၂၀ ရက်က ပြောကြားလိုက်သည်။

လွန်ခဲ့သောသီတင်းပတ်က အဘူ ဒါဘီတွင် ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး  မွေးရပ်မြေသို့ပြန်လာစဉ် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဘူဒါဘီတွင်ကစားပြီး အိမ်ပြန်လာစဉ် ပီစီအာရ်စစ်ဆေးမှုဖြင့် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့ကြောင်း နာဒယ်က ပြောကြားခဲ့သည်။ အဆင်မပြေသည့်အခြေအနေတစ်ခုကို ဖြတ်ကျော်ရဦးမည်ဖြစ်ကြောင်း၊ သို့သော်လည်း တဖြည်းဖြည်းချင်း နည်းနည်းစီတိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ လတ်တလော နေအိမ်တွင် ကန့်သတ်စောင့်ကြည့်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိနှင့် ထိတွေ့ခဲ့သူများအား ယခုလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း ပြောကြားမည်ဖြစ်ကြောင်း လူမှုမီဒီယာပေါ်တွင် နာဒယ် က ရေးသားမျှဝေခဲ့သည်။

အားကစားပွဲအစီအစဉ်များကို အဆင်ပြေအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတိုးတက်မှု အပေါ် မူတည်ပြီး ရွေးချယ်စရာများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဒယ်က ပြောသည်။

ဆင်ဟွာ