“Crash Landing on You” မှာ ပါဝင်ဖို့ရာ ဆွေးနွေးနေတဲ့ ကင်မ်ဆိုးယန်

၈ ဇန်နဝါရီ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ကင်မ်ဆိုးယန်ဟာ လတ်တလော ထုတ်လွှင့်ပြသလျက်ရှိတဲ့ ဇာတ်လမ်းတွဲ “Crash Landing on You” မှာ ပါဝင်သရုပ်ဆောင်သွားဖို့ရာ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း အေဂျင်စီက ပြောကြားခဲ့တယ်လို့ ဟန်စင်းနှီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ 

 

Crash Landing on You” ကို tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေ တာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆန်းရယ်ဂျင်တို့ ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ ကင်မ်ဆိုးယန်ဟာ ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့ လက်ရှိမှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဂိုးလ်မက်တယ်လစ်အင်တာတိန်းမန့်က ထုတ်ဖော်ပြောကြားလာတာဖြစ်တယ် လို့လည်း သိရပါတယ်။

 

Crash Landing on You” ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က ဒေသတွင်းမှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့တိုင်း ပြသလျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ပိုင်းထုတ်လွှင့်ပြသမယ့် အပိုင်းတွေမှာ ကင်မ်ဆိုးယန် ပါဝင်သွားဖို့အရေး ဆွေးနွေးနေတာဖြစ်ပါတယ်။ 

 

ကင်မ်ဆိုးယန်ဟာ tvN ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်သွားမှာဖြစ်ပြီး သူခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် “Psycho, But it's Okay” နဲ့လည်း မကြာမီ ပရိသတ်ရှေ့ အရောက်ပြန်လာမှာဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေပြည့်