စတမ်းဖို့ဒ်ဘရစ်မှာ ဟတ်ဒါဖီးလ်ကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ချယ်လ်ဆီး

mdn

၃ ဖေဖော်ဝါရီ

ပရီမီယာလိဂ် ပွဲစဉ် (၂၅)ပွဲများကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ချယ်လ်ဆီးအသင်းနှင့် ဘုန်းမောက်အသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ ငါးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ပွဲစဉ်တွင် ဘုန်းမောက်အသင်းကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဖိအားတွေအောက် ရောက်ရှိနေသည့် ချယ်လ်ဆီးအသင်းသည် ယခုပွဲစဉ်မှာ တစ်ပွဲလုံးနီးပါး ပုံစံကောင်းတွေပြသပြီး ဂိုးပြတ်နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့သည်။ မကြာသေမီးကမှ ခေါ်ယူထားသည့် ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး ဟီဂွါအင်ကလည်း ယခုပွဲတွင် အကောင်းဆုံးခြေစွမ်းပြပြီး သွင်းဂိုးနှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုများကို ပွဲချိန် ၁၆ မိနစ်နှင့် ၆၉ မိနစ်တွင် ဟီဂွါအင်၊ ပွဲချိန် ၄၅ မိနစ်(ပင်နယ်တီ)နှင့် ၆၆ မိနစ်တွင် ဟာဇက် တို့က သွင်းယူခဲ့ကြပြီး ပွဲချိန် ၈၆ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဒေးဗစ်လူးဝစ်ဇ် ခေါင်းတိုက်ရမှ ဟတ်ဒါဖီးလ်နောက်ခံလူကို ထိမှန်ကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့သည်။ 

ယခုပွဲအနိုင်ရလဒ်ကြောင့် ချယ်လ်ဆီးအသင်း အဆင့် (၄)နေရာကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားခဲ့သည်။ 

စနေနေ့ည ယှဉ်ပြိုင်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၂၅)ရလဒ်များ

စပါး ၁ - ဝ နယူးကာဆယ်
ဘရိုက်တန် ဝ - ဝ ဝက်ဖို့ဒ်
ဘန်လေ ၁ - ၁ ဆောက်သမ်တန်
ချယ်လ်ဆီး ၅ - ဝ ဟတ်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ၂ - ဝ ဖူလ်ဟမ်
အဲဗာတန် ၁ - ၃ ဝုလ်ဗ်

MDN