နေပြည်တော်   ၃  ဒီဇင်ဘာ

 

ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့၏လမ်းညွှန်မှုဖြင့် စီစဉ်ကျင်းပမည့် စတုတ္ထအကြိမ်မြောက် Kalaw Trail Run နှင့် တတိယအကြိမ်မြောက် Inle By Cycle ‌‌တောင်တက်လမ်းကြမ်းစက်ဘီးစီးနင်းပွဲ ‌အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ‌ဒေါက်တာမျိုးထွန်း တက်ရောက် အမှာစကား‌ပြောကြားခဲ့ပြီး  ‌ဒေသဆိုင်ရာခရီးသွားလုပ်ငန်း‌ကော်မတီ အတွင်း‌ရေးမှူး၊ ညွှန်ကြား‌ရေးမှူး ဦးထင်အောင်နိုင်မှ ဦး‌ဆောင်၍ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်များနှင့် ‌ပေါင်းစပ်ကာ ပြိုင်ပွဲလမ်း‌ကြောင်းများ အပြီးသတ်ရွေးချယ်ခြင်း၊ ဆုအမျိုးအစားများ‌ရွေးချယ်သတ်မှတ်ခြင်းနှင့် ပြိုင်ပွဲ ကျင်းပခြင်း ဆိုင်ရာအခြား လိုအပ်ချက်များကို ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့သည်။

 

စတုတ္ထအကြိမ်မြောက် Kalaw Trail Run မာရသွန်အပြေးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၇-၈) ရက်နေ့များတွင် ကလောမြို့၌လည်း‌ကောင်း၊ တတိယအကြိမ်မြောက် Inle By Cycle ‌‌တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ‌ညောင်ရွှေ မြို့၌လည်း‌ကောင်း စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

MDN