စုကလိမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စုကလိ  ၁၇  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် စုကလိမြို့၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

4825

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သဇင်လမ်းအပိုင်း ပြန်လည်ပြုပြင်နေမှုနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ရုံး ဆောက်လုပ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

5043

 

အဆိုပါ သဇင်လမ်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြေပြိုမှုနှင့် Box Culvert ()စင်း၊ ကွန်ကရစ်လမ်း ပေ(၁၀၀)ခန့် ပျက်စီးခဲ့ပြီး ယခုအခါ အများပြည်သူ သွားလာရေး အဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

 

အောင်စံထွန်း(ပြန်/ဆက်)