စုကလိမြို့တွင် COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စုကလိ ၆ မေ

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယခုလက်ရှိဖြစ်ပွားနေသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား မြဝတီခရိုင်၊ စုကလိမြို့ အမှတ်(၁)ရပ်ကွက်သို့ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

“ယခုလို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးတဲ့အတွက် ကျွန်တော်တို့ပြည်သူတွေ ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရေး၊ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသမှုဆိုင်ရာ အသိပညာဗဟုသုတတွေ အများကြီးရရှိပါတယ်။ ကြိုတင်ကာကွယ်မှု လုပ်ငန်းများအတွက်လည်း များစွာအထောက်အကူ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူများအနေဖြင့်လည်း လက်ကမ်းစာစောင်မှာပါရှိတဲ့ အသိပညာပေးများကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါတယ်” ဟု ဒေသခံပြည်သူ အဖိုးလေးက ပြောသည်။

 

အဆိုပါ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသမှုဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးများနှင့် အနုပညာရှင်များ၏ အသိပညာပေး နှိုးဆော်ချက် သတင်းစကား လက်ကမ်းစာစောင်များအား မြို့ပေါ်ရပ်ကွက်ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

အောင်စံထွန်း (ပြန်/ဆက်)