ဒစ်နေ ကာတွန်းရုပ်ပါတဲ့ ဖန်ခွက်တွေ သုံးခြင်းဟာ သတ္တုအဆိပ်သင့်နိုင်

၅ မတ်

ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဒစ်နေ ကာတွန်းရုပ်ကလေးတွေ ပုံပါတဲ့ ဖန်ခွက်မှာ သတ္တုအဆိပ်သင့်နိုင်ပစ္စည်းတွေ ပါနေတဲ့အတွက် အမေဇုန်က ဈေးကွက်ကနေ ဖယ်ရှားလိုက်ပါတယ်။  ဒီဖန်ခွက်တွေဟာ အမေဇုန်၊ တက်စကို၊ ရိုန့် စတဲ့ ကုမ္ပဏီတွေကနေ ရောင်းချကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်ရေးဌာန NHS ရဲ့ အဆိုအရ အဲဒီဖန်ခွက်တွေမှာ ကာဒီယံဓါတ် နဲ့ ကာစီနိုဂျင်းနစ် ဓါတ်တွေ ပါဝင်ပါတယ်။ အဲဒီဓါတ်တွေဟာ စီးကရက်မှာ ပါဝင်တဲ့ ဓါတ်တွေမျိုးဖြစ်တဲ့အတွက် ကလေးတွေရဲ့ အသည်းနဲ့ အရိုးတွေကို ပျက်စီးစေနိုင်တယ်။ အဲဒီကနေ အဆုတ်ကင်ဆာအထိ ဖြစ်နိုင်တယ်လို့  သိရပါတယ်။

ဘီဘီစီရဲ့ စုံစမ်းထောက်လှမ်းတဲ့သတင်းအဖွဲ့မှာ ပါဝင်တဲ့ ပလေးမောက် တက္ကသိုလ်က ဒေါက်တာ အန်ဒရူး တာနာ က ဖန်ခွက်တွေမှာ ကာဒီယံ ဓါတ်ပါဝင်နှုန်းကို တွေ့ရှိတာဖြစ်ပြီး ကုန်ပစ္စည်းထုတ်လုပ်သူတွေကို ကာဒီယံဓါတ် မပါဘဲ ထုတ်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါက်တာ တာနာဟာ ဖန်ခွက်တွေမှာ ခဲ နဲ့ ကာဒီယံ ဓါတ်ပါဝင်နှုန်းကို လွတ်လပ်တဲ့ သုတေသနလုပ်တဲ့ပုံစံနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တက်စကို ကုမ္ပဏီကတော့ သူတို့ရဲ့ ဖန်ခွက်တွေဟာ UK နဲ့ EU ရဲ့ စည်းမျဉ်းတွေအတိုင်းသာ ရောင်းချကြောင်း ပြန်လည်ဖြေကြားပါတယ်။

အမေဇုန်ကတော့ အဲဒီပစ္စည်းတွေကို Half Moon Bay ကုမ္ပဏီကနေ တစ်ဆင့် ရောင်းချတာဖြစ်ပါတယ်။ Half Moon Bay ကုမ္ပဏီက ဘီဘီစီရဲ့ စုံစမ်းထောက်လှမ်းမှုကို သိပါတယ်။ အခု သူတို့ရဲ့ စီးပွားဖက်နဲ့ ညှိနှိုင်းနေကြောင်း ပြောပါတယ်။

MDN

 

mdn