ဒေးဒရဲမြို့၌ အိမ်တွင်းမှု မုန့်လုပ်သင်တန်းနှင့် ဝတ်စုံများထောက်ပံ့ပေးအပ်

ဒေးဒရဲ  ၉ အောက်တိုဘာ 

 

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းက ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းမှု မုန့်လုပ်သင်တန်းနှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန္ဒာအောင်က ယနေ့ဖွင့်လှစ်သည့် မုန့်လုပ်သင်တန်းတွင် ရွှေကြည်၊ ကြက်ဥပူတင်းနှင့် သာကူရွှေကြည်မုန့် လုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး အိမ်တွင်းမှု စီးပွားရေး အသေးစားလုပ်ငန်းအဖြစ် မှတ်ယူကာ ကြိုးစားသင်ကြား ကြစေလိုကြောင်း ပြောကြားခဲ့ပြီး အသင်းဝင်အသစ်များအား ဝတ်စုံများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

အဆိုပါ သင်တန်းတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်မိုးသီတာအောင်က မုန့်လုပ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)