ဒေးဒရဲမြို့၌ ရာသီတုပ်ကွေး (H1N1)ရောဂါအကြောင်း  အသိပညာပေး ဟောပြော

ဒေးဒရဲ   ၂၉   ဇွန် 

 

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရာသီတုပ်ကွေး (H1N1)ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

 

အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာရဲရင့်အောင်(ဦးစီးအရာရှိ) သွားကျန်းမာရေးက ရာသီတုပ်ကွေးရောဂါ (H1N1)သည် ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်၍ လေထဲကတစ်ဆင့် ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးရှိသည့် နေရာများကို  လက်နှင့်ကိုင်မိ၍လည်း ကူးစက်နိုင်ကြောင်း၊ ရာသီတုပ်ကွေးရောဂါ(H1N1) ရောဂါ လက္ခဏာများ၊ ရာသီတုပ်ကွေး ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းများနှင့်  ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

 

အခမ်းအနားသို့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ဦးရေ ၁၉၀  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)