ဒဂုံမြို့နယ် ဒဂုံရိပ်သာဈေး၌ ပြည်သူများအား လက်သန့်ဆေးရည်၊ Mask များ ပေးဝေ

ဒဂုံ    ၂၀    ဧပြီ        

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်၊  ဦးဝိစာရရပ်ကွက် ဒဂုံရိပ်သာဈေး၌ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအား သိရှိလိုက်နာကြစေရန် အတွက်ဈေးအတွင်း လူစုလူဝေးဖြင့် ဈေးဝယ်ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းနှင့် လက်သန့်ဆေးရည်၊ Mask များ အခမဲ့ပေးဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီက ဒဂုံရိပ်သာဈေးတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ပေးခြင်းအားဖြင့်  လတ်တလောဖြစ်ပွားနေသည့်  ကူးစက်မြန်  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းဖြစ်ပြီး ကူးစက်ပြန့်ပွားမှု မရှိစေရန်ပြည်သူများ အနေဖြင့်မဖြစ်မနေအပြင်သို့ သွားရောက်ရမည့် ကိစ္စရပ်များတွင် Mask များ တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသော ကျန်းမာရေး အသိပညာပေးခြင်းတို့ကို  တိကျစွာလိုက်နာကြစေခြင်းဖြင့် ပူးပေါင်းကူညီကြစေရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)