ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ အိမ်တိုင်ရာရောက် ပေးအပ်

ဒဂုံ ၁၅ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၌  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား  လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ၃နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွေးက လိုက်လံပေးအပ်ကြောင်း သိရသည်။

 

ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုး၊ ဘွားများအား လစဉ် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တတိယ (၃)လပတ်အတွက် ငွေကျပ်သုံးသောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ကျပ်သုံးသောင်း စုစုပေါင်း ငွေကျပ် ခြောက်သောင်းအား အိမ်တိုင်ရာရောက်  ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)

 

mdn