ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မီးလောင်မှုဖြစ်ပွား နေအိမ် ၄ လုံးဆုံးရှုံး

ရန်ကုန်  ၆ ဧပြီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီက မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၂) ရပ်ကွက် တပင်ရွှေထီးလမ်းရှိ ခိုင်ခန့်ဂက်စ်ဆိုင်မှစ၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် ၂၆ စီး၊ အုပ်ချုပ်မှုယာဉ် ၆ စီးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီက ၅၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်ပြည်သူများအား တာဝန်ရှိသူများက လိုအပ်သည်များ ကူညီပေးလျက်ရှိကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)