ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၈  ဧပြီ

 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၇ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  အမှတ်(၆၉) ရပ်ကွက်၊ မဏိစန္ဒာလမ်း၊ အိမ်အမှတ် (၁၂၀၈)နေ ရန်လင်းနောင်(ခ)နောင်နောင်(ခ)ကိုကို၏ နေအိမ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ရန်လင်းနောင်(ခ) နောင်နောင်(ခ)ကိုကို (၃၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား