ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း ဆင့်ပွား သင်တန်းဖွင့်လှစ် 

ဒဂုံတောင် ၁၅ ဇူလိုင်


၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း ဆင့်ပွားသင်တန်းကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်ရှိ စက်မှုဇုန်(၁)စီမံခန့်ခွဲရေး ကော်မတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဦးစီးအရာရှိ ဦးဝင်းမြင့်ဦးတို့က သတ်မှတ်သင်တန်းအချိန်ဇယားအတိုင်း လူဦးရေစာရင်းအချက်အလက်များနှင့် ကောက်ယူပြုစုခြင်းလုပ်ငန်း အခြေခံ မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းများအကြောင်းကို အသီးသီး ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများနှင့် သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။


သင်တန်းတွင် မြို့နယ်လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ သင်တန်းသား၊ သင်တန်းသူများ (၄၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်မင်းဟန်(ဒဂုံတောင်)