ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသား(၁)ဦး ဓာတ်လိုက်သေဆုံး

နေပြည်တော် ၃   ဩဂုတ် 


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပဆေးရုံတွင် ဓာတ်လိုက်သေဆုံးသူ အမျိုးသားအလောင်း ရောက်ရှိနေကြောင်း သတင်းအရ ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ထောက်ကြန့်စံသမာဓိရပ်ကွက်နေ စည်သူထွန်း(ခ)စည်သူကျော်(၁၅)နှစ်ဖြစ်ပြီး ၎င်းသည် အဆိုပါရပ်ကွက်ရှိ ဓနသိဒ္ဓိလမ်းအတိုင်း ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် မီးစက်ဖြင့် မီးပေးသွယ်တန်းထားသော ဓာတ်ကြိုးမှာပြတ်ကျ၍ထိမိပြီး ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ထောက်ကြန့်နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။


MDN