ဓာတ်လှေကားအတွင်း ပိတ်မိနေသော ကလေးတစ်ဉီးအား ကူညီကယ်ထုတ်နိုင်ခဲ့

နေပြည်တော် ၁၂ အောက်တိုဘာ

ယနေ့နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က တာမွေမြို့နယ်၊ (၁၃၂)လမ်း၊ ပတ္တမြားကွန်ဒိုတွင် ဓာတ်လှေကားအတွင်း ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဓာတ်လှေကားအတွင်း ပိတ်မိနေသော ကလေးတစ်ဉီးအား နံနက် ၁၀ နာရီ ၅ မိနစ်တွင် ကူညီကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN

ဓာတ်ပုံ-MFSD