ဓမ္မစကူးလ်ကျောင်း သွားကြမယ်

၁၄ ဇန်နဝါရီ

“မမရေ- ကီလီမရေ” အိမ်ရှေ့မှ ခေါ်သံကြားရသည်။ 

စာရေးသူအိပ်ရာမှ လူးလဲထ၍ အခန်းပြင်သို့ ထွက်ရသည်။ 

“ဪသာ် - ညီမတို့ပါလား။ လာကြ။ လာကြ။” 

စာရေးသူ၏ ညီမ မခင်ဝင်းတို့ မိသားစု စာရေးသူကို လာကန်တော့ကြခြင်းဖြစ်ပါသည်။ 

“မမတစ်ယောက်တည်းလား”

 “အေး ဟုတ်တယ်” 

“ကီလီမ ဘယ်သွားနေလို့လဲ” 

“သမီးက ဒီနေ့ တနင်္ဂနွေမို့လို့ ဓမ္မစကူးလ်သွားတယ်လေ”

“ဖြစ်မှဖြစ်ရလေ မမရယ်။ မိခင်ဝေဒနာသည်ကြီးကို ပစ်ထားပြီး ဓမ္မစကူးလ်မှာ စာသွားသင်ရတယ်လို့။ ရွှေတံဆိပ် ရမှာမို့လား။ နိဗ္ဗာန်ကို ချက်ချင်းပဲ ရောက်တော့မယ့်အတိုင်း”

လူသားတွေအကျင့်ပျက်လာကြ ညီမက သူ့ထုံးစံအတိုင်း ဟောဟောဒိုင်းဒိုင်း ရင်ထဲရှိ တာ ပြောချလိုက်ခြင်းဖြစ်ပါသည်။ စာရေးသူမှာ အသက် ၈၀ ကျော်ပါ။ နာတာရှည်ရောဂါသည်တစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူကို ပစ်ထားရက်သည်ဟု ကရုဏာနှင့် ပြောခြင်းပါ။

“ကဲပါအေ ထိုင်ကြ၊ အမောဖြေကြပါဦး။ ဒီမှာ ရေနွေး၊ ကော်ဖီသောက်ကြ၊ မုန့်တွေက ဒီမှာကြိုက်ရာစားကြ။ သစ်သီး တွေလည်း ရှိတယ်။ အအေးလည်း ရှိတယ်။ စားကြပါဦး။ စားရင်းပဲ မမရှင်းပြတာ နားထောင်ကြပါကွယ်”

“အိမ်အကူလည်း မရှိဘဲ ဒီလောက်ရောဂါသည်ကြီး ကို အိမ်ကြီးတစ်လုံးထဲ ထားပစ်ခဲ့တယ်၊ စိတ်ချနိုင်စရာ မရှိဘူး”

“အေး ဒါတော့ ဒါပေါ့ ညီမရယ်၊ သူကလည်း တောင်း တောင်းပန်ပန်၊ သမီးလည်း အခြားကုသိုလ်တွေ ဘာမှ မလုပ် နိုင်လို့ ဒီလုပ်အား အလှူလေးနဲ့ ကုသိုလ်ယူပါရစေ ပြောရှာပါတယ်”

“သီတဂူဆရာတော်ကြီးက ယခုခေတ်ကြီးက ကလိယုဂ် ခေတ်ကြီးဖြစ်နေပြီ၊ သူယုတ်မာတရား ၁၈ ပါးလုံး ထွန်းကား လာနေပြီတဲ့။”

ကမ္ဘာပေါ်မှာ သူယုတ်တရား ၁၈ ပါးလုံး ထွန်းကား နေပြီတဲ့။ ဖခင်ကို လုပ်ကျွေးစရာမလိုဘူး။ မိခင်ကို လုပ်ကျွေး စရာမလိုဘူး။ သက်ကြီးရွယ်အိုများကို ရိုသေလေးစားစရာ မလိုဘူး စသည်ဖြင့် လူသားတွေ အကျင့်ပျက်လာကြပြီတဲ့။

တို့နိုင်ငံကိုလည်း ဒီသူယုတ်မာတရားတွေ ပြန့်ပွားကူးစက်လာနေပြီတဲ့။ ဒါကို တားဆီးကာကွယ်နိုင်ဖို့၊ သူတော် ကောင်းတရားတွေကို ထိန်းသိမ်းနိုင်ဖို့ ဗုဒ္ဓရဲ့ အဆုံးအမ သာသနာပိုမိုထွန်းကားခိုင်မာဖို့ အရေးကြီးနေပါပြီတဲ့။

လေးချောင်းထောက်ရမည့် ဒေါက်တိုင်များ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေ အသိအလိမ္မာရှိစေဖို့၊ ယဉ်ကျေးကြစေဖို့ မြတ်ဗုဒ္ဓရဲ့ တရားဓမ္မကို သက်ဝင်နာခံ တတ်စေရန် လိုအပ်နေပါပြီတဲ့။

“တိုင်းပြည်အနာဂတ်ကို ပိုင်ဆိုင်မယ့် မျိုးဆက်သစ် လူငယ်တွေကို ပြုပြင်ထိန်းသိမ်းပြီး သူယုတ်တရားတွေ ထွန်းကားနေတဲ့ ကလိယုဂ်ခေတ်ကို တွန်းလှန်ဖို့ အရေးကြီး နေပါပြီတဲ့။ ကလိယုဂ်ခေတ်ဆိုးကြီးကို တွန်းလှန်ကာကွယ်ဖို့ လေးချောင်းထောက် ကူညီပံ့ပိုးမှုနဲ့ ဝိုင်းဝန်းကြိုးပမ်းဖို့ပါတဲ့။”
လေးချောင်းထောက်ရမည့် ဒေါက်တွေကတော့- (၁) သာသနာ့ဝန်ဆောင် ရှင်ရဟန်းများမှာလည်း တာဝန် ရှိပါတယ်။ ရဟန်းတော်များ၏ အားဟူသော ဒေါက်နဲ့လည်း ထောက်ရမှာပါ။

(၂) ယနေ့ ထွန်းကားနေသော လူမှုရေးအဖွဲ့များ၏ ထောက်ပံ့ခြင်းဆိုတဲ့ ဒေါက်လည်း တစ်ချောင်းပါ။ (၃) တတိယဒေါက်ကတော့ နိုင်ငံတော်အစိုးရ၏ ကူပံ့မှု ဒေါက်။ (၄) စတုတ္ထဒေါက်ကတော့ ပြည်သူတစ်ရပ်လုံး ပါဝင် လှုပ်ရှားကူညီပံ့ပိုးခြင်းဆိုတဲ့ ဒေါက်ပါ။

“ဒီဒေါက်လေးချောင်းနှင့် စုပေါင်းညီညာထောက်ကြပါမှ မြန်မာနိုင်ငံရဲ့ ဘာသာ သာသနာယဉ်ကျေးမှု လူမှုထူးချွန်မှု တိုင်းပြည်ရဲ့ ခိုင်မာတိုးတက်မှု တည်တံ့မှာ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဆရာတော်တွေလည်း ဦးဆောင်ပါဝင်ပြီး ဓမ္မစကူးလ် ကျောင်းတွေ ဖွင့်လှစ်တည်ထောင်တယ်။ လူငယ်တွေ လိမ္မာယဉ်ကျေးပြီး တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာအောင် ကြိုးစားနေကြတာပါ ညီမတို့ရယ်။ သမီးလေးဆို ဓမ္မစကူးလ်သင်ကြားဖို့ နည်းပြသင်တန်းလည်း တက်ထားတယ်။ ဓမ္မစကူးလ် ဖောင်ဒေးရှင်းက မြို့တိုင်းရွာတိုင်းကို လာရောက်ပြီး သင်တန်းနည်းပြတွေနဲ့ စနစ်တကျ ပို့ချပေးခဲ့တာ။

ကြည်နူးပျော်ရွှင်စရာ “သမီးဆိုရင် ယခု သွားသင်ကြားပေးနေတဲ့ ခရမ်းမြို့ အောင်ဓမ္မရိပ်သာရဲ့ ဓမ္မစကူးလ်ကျောင်းကြီးမှာ လေးနှစ်တိုင်တိုင် လုပ်အားအလှူပေးပြီး ကုသိုလ်တွေယူနေတယ်။ ခရမ်းမြို့ပေါ် က ကျောင်းပေါင်းများစွာနဲ့ ခရမ်းပိုင်ရွာတိုင်းမှာ ဓမ္မစကူးလ် ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေကြပါပြီ။ တာဝန်ခံဆရာတော်ဆိုရင် မျက်နှာထားခပ်တည်တည်နဲ့ နေလာခဲ့တာပါ။ အခုဆို ဓမ္မစကူးလ်ကျောင်းသားလေးတွေ ကျောင်းသူလေးတွေကို သီလပေးရ၊ ဩဝါဒပို့ချရနဲ့ မျက်နှာထားတည်ဖို့တောင် မေ့နေဟန်တူပါတယ်။ ပြုံးလို့ ရွှင်လို့၊ ရယ်လို့မောလို့။

“ဓမ္မစကူးလ်ကျောင်းအတွက် ဝေယျာဝစ္စသမားတွေကလည်း နွေမိုးဆောင်း မမောနိုင်မပန်းနိုင် မပျက်မကွက် လာရောက်ကုသိုလ်ယူနေကြတာ အံ့ဩလောက်တယ်။ အာဟာရ ကုသိုလ်ရှင်တွေကလည်း ဓမ္မစကူးလ်သို့ နေ့တိုင်းကို မုန့်ဟင်းခါး၊ ကြာဆံကြီး၊ မုန့်ဖက်ထုပ် စသည်ဖြင့် ဝမ်းပန်းတသာ ကိုယ်တိုင် ကိုယ်ကျပြုပြင်ကာ လာရောက်ကျွေးမွေး လှူဒါန်းကြတယ်။ သင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲကိုလည်း ထိုက်ထိုက်တန်တန်
ခမ်းခမ်းနားနား ကျင်းပပေးပါတယ်။ သင်တန်းမှာ ပျက်ရက် မရှိသူကို ဆုပေးခြင်း၊ ဗလာမပါကံစမ်းမဲ စသည်ဖြင့် ချီးမြှင့်ခြင်းတွေလည်း ဆရာတော်ဦးဆောင်ပြီး လှူကြတန်းကြတာတွေဟာ ကြည်နူးပျော်ရွှင်စရာ မှတ်တိုင်တွေပါ။

“ကဲ - ဒါကြောင့် သီတဂူ ဆရာတော်ဘုရားကြီး ဆိုမိန့်တဲ့ အတိုင်း မြန်မာနိုင်ငံရဲ့ အနာဂတ်လှပခိုင်မာဖို့ မျိုးဆက်သစ် လူငယ်တို့ အရည်အသွေးမြင့်မားစေဖို့ ဒီဓမ္မစကူးလ်ကျောင်း ကြီးတွေ ဖွင့်လှစ်ခြင်းကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ် ကြ ရမှာပါ။ သမီးလေးကိုလည်း အပြစ်မမြင်ပါနဲ့တော့။ 

တိုင်းပြည်နဲ့ လူမျိုးအတွက် မျိုးဆက်သစ်လူငယ်များအတွက်မို့ လုပ်အားပေး ပြီး လေးချောင်းထောက်ခြင်းပဲလို့ ကျေနပ်ခွင့်လွှတ်လိုက်ပါ ကွယ်။”

ဓမ္မစကားလက်ဆောင်ပါး “ဟုတ်ပါပြီ မမရယ်။ မမတရားဟောကောင်းလို့ ကျွန်မတို့ လည်း နားလည်သွားရပါပြီ။ ကျွန်မတို့မြို့မှာရှိတဲ့ ဓမ္မစကူးလ်ကို လည်း အာဟာရ ဒါန၊ လုပ်အားဒါန၊ ဝေယျာဝစ္စဒါန စသည်ဖြင့် နိုင်သလောက်” စွမ်းသလောက် ဝိုင်းချီးမြှောက်ပါမယ်လို့ ကတိ ပြုပါတယ် မမရယ်"

“သာဓု သာဓု သာဓုပါကွယ်” 

“မမရေ ခရီးပန်းလာလို့ အမောပြေ တီဗွီလေးကြည့်ပါရစေ၊ ဖွင့်ပေးပါ”

“အေးအေး ဖွင့်ပေးမယ်”

စာရေးသူ တီဗွီခလုတ်ကို နှိပ်လိုက်ပါသည်။ သီချင်းသံ လေးလွင့်ပျံလာပါသည်။ 

“တနင်္ဂနွေနေ့မှာကွယ် ဓမ္မစကူးလ်သွားကြမယ် တရားစကားနားထောင်မယ် တရားတွေထိုင်ကြမယ် တို့လည်းလိုက်မယ်ကွယ် အတူတူသွားကြမယ် မြတ်ဗုဒ္ဓ၏ အဆုံးအမကို နာခံကြစို့ကွယ်။ ဘာသာ သာသနာရယ် အကျိုးများကိုသာ ဝိုင်းဝန်းလို့ ကာကွယ်ကြမယ် ကုသိုလ်သည်သာ စိတ်ရဲ့ ငြိမ်းအေးရာ တရားတော်သည်သာ ဘဝရဲ့ လွတ်မြောက်ရာ ဓမ္မစကူးလ်ကျောင်းကြီးကို သွားကြမယ် သွားကြမယ် သွားကြ... မယ်။” 

“သီချင်းလေးကလည်း ဓမ္မစကူးလ်ရဲ့ အနှစ်သာရကို ဖော်ကျူးထားတယ်နော်”

“အေးကွဲ့၊ သီချင်းနောက်တစ်ပုဒ်လည်း ရှိသေးတယ်။ မမတိုးတိုးတော့ ဆိုနိုင်ပါတယ်။ ဆိုပြမယ်နော်”

“နံနက်ခင်း အလင်းရောက်တဲ့ ရောင်နီဦးမှာ ကျေးငှက်တို့ နိုးထလို့ တွန်သံကျူးလာ နေမင်းကြီးအရှေ့က ထွက်ပေါ်လို့လာ အလင်းတန်းပေးမယ့် နံနက်ခင်းမင်္ဂလာ အားလုံးပဲ မင်္ဂလာ အားလုံးပဲ မင်္ဂလာ မင်္ဂလာနံနက်ခင်းချိန်ခါ မြတ်ဗုဒ္ဓရဲ့ သာသနာ ထွန်းလင်းဝေဆာ ဓမ္မစကူးလ်ကျောင်းကြီး ထွက်ပေါ်လာ သားသားလေးတွေ လိမ္မာဖို့ မီးမီးလေးတွေ လိမ္မာဖို့ ဓမ္မစကူးလ်ကျောင်းသွားကြမယ်လာ။ ဓမ္မစကူးလ်ကျောင်းသွားကြမယ်လာ။ ဓမ္မစကူးလ်ကျောင်းသွားကြမယ်လာ။”

“ကောင်းလိုက်တာ မမရယ်။ ဒီတစ်ခေါက် မမဆီ လာရတာ အမြတ်ပဲ။ ဓမ္မစကူးလ်ကျောင်းရဲ့ ဂုဏ်အင်ကို စုံလင်စွာ သိလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ် မမရယ်။ ဓမ္မစကူးလ် ကျောင်းတွေ ဆက်လက်ရှင်သန် တိုးပွားပြီး မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ ခံ့ညားထည်ဝါ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုမြန်မာနိုင်ငံ”

ကောင်းလိုက်တာ မမရယ်။ ဒီတစ်ခေါက် မမဆီ လာရ တာ အမြတ်ပဲ။ ဓမ္မစကူးလ်ကျောင်းရဲ့ ဂုဏ်အင်ကို စုံလင်စွာ သိလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ် မမရယ်။ ဓမ္မစကူးလ် ကျောင်းတွေ ဆက်လက်ရှင်သန် တိုးပွားပြီး မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ ခံ့ညားထည်ဝါ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်လာဖို့ မျှော်မှန်းနိုင်ကြပြီပေါ့ မမရယ်။
“အေးကွယ် - တို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်တယ်။ ဗုဒ္ဓတရားတော်များကို သင်ကြားပို့ချရာ စာသင်တိုက်ကျောင်းတိုက်ကြီးတွေ အများဆုံးရှိတဲ့ နိုင်ငံ၊ တရားဓမ္မတွေကို ဟောပြောတဲ့ ဓမ္မကထိကတွေ အများဆုံးရှိတဲ့ နိုင်ငံ၊ တရားဓမ္မကို ကျင့်ကြံအားထုတ်ရာ တရားရိပ်သာများ အများဆုံးရှိသော နိုင်ငံ၊ ဗုဒ္ဓကို ရည်မှန်းပူဇော်တဲ့ စေတီပုထိုးအများဆုံးရှိတဲ့ နိုင်ငံအဖြစ် ဂုဏ်ရောင်ဝင့်ကြွား ထင်ရှားခဲ့ပါတယ်။ ဒီလိုဂုဏ်ပုဒ်တွေနဲ့ ပြည့်ဝတင့်တယ်နေတဲ့ နိုင်ငံတော်ကြီး ခိုင်ခံ့တည်တံ့ ငြိမ်းချမ်းဖို့လှည်းနေလှေအောင်းမြင်းဇောင်းမကျန်တို့အားလုံးဝိုင်းဝန်းကြိုးပမ်းနေကြပါပြီလို့ ရင်မှာခံစား မုဒိတာ ပွားနိုင်ကြဖို့ ဓမ္မစကားလက်ဆောင်ပါးလိုက်ရပါတယ်”။

အေးအေးသန်း(ခရမ်း)