ဓနုဖြူမြို့ (၁၅)ရပ်ကွက်တွင် တီဘီရောဂါ အခမဲ့ စမ်းသပ်ကုသပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့၊ အမှတ် (၁၅)ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း(တောင်ပေါ်)တွင် ယနေ့ နံနက်ပိုင်းက တီဘီရောဂါအခမဲ့ရှာဖွေ စမ်းသပ်ကုသပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးရဲဝင်းသိန်းနှင့် အဖွဲ့ဝင် (၇)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက  သူနာပြုအဆင့် (၁)  ဒေါ်မေစုလှိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများမှ လာရောက်ဆေးကုသကြသည့် ရပ်ကွက်နေပြည်သူများအား (အခမဲ့) သလိပ်စစ်ပေးခြင်း၊ ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်းများပြုလုပ်ကာ တီဘီရောဂါဝေသနာရှင်များအား (အခမဲ့) ဆေးကုသပေးခဲ့ကြပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှလည်း ရောဂါဝေသနာရှင်များအား ကူညီထောက်ပံ့မှုများ ပူးပေါင်းလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)