ဓနုဖြူမြို့နယ် ကျုံတနီးကျေးရွာတွင် ဂိုဒေါင်တစ်လုံးမီလောင်မှုဖြစ်ပွား

ဓနုဖြူ  ၃၀ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အရက်ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဆိုင်အလုပ်သမားဖြစ်သူ အောင်ကိုလတ် (၃၇)နှစ် (ဘ)ဦးအေးလွင်မှ အရက်ဆီဖိတ်ကျနေသော နေရာပေါ်သို့ ဆေးလိပ်မီး စွန့်ပစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင်နှင့် အဖွဲ့ဝင် ၁၇ ဦး၊ အရန်မီးသတ်အဖွဲ့ဝင် ၁၀ ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲတွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဂိုဒေါင်အဆောက်အဦ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ အောင်ကိုလတ်အား ကျုံတနီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အေးအေးအောင် (ပြန်/ဆက်)