ဓနုဖြူမြို့နယ်သို့ တရုတ်နိုင်ငံမှ နေရပ်ပြန် (၆)ဦး ပြန်လည်ရောက်ရှိ

ဓနုဖြူ  ၃  မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက် ၁၀နာရီခန့်က တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူ (၆) ဦး ရောက်ရှိကြောင်း သိရသည်။ 

 

အဆိုပါနေရပ်ပြန် (၆)ဦးကို စနစ်တကျစာရင်းကောက်ယူ၍ အလမျိုးကျေးရွာ ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်ရေးစခန်းတွင် စောင့်ကြပ်ကြည့်ရှုထားရှိပြီ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက စနစ်တကျနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ အစားအသောက် ကျွေးမွေးခြင်း၊ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ 

 

ယနေ့ တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူ (၆)ဦးသည် ဓနုဖြူမြို့နယ်မှဖြစ်ပြီး ဇီးဖြူကုန်းကျေးရွာမှ (၄)ဦးနှင့် ကျုံတုံးကျေးရွာမှ (၂)ဦးဖြစ်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး