ဒီအခွေမှာ အချစ် အကြောင်းတော့ နည်းသွားတယ်။ တစ်ဖက်သတ် စိတ်နာနေတဲ့ အသဲကွဲ သီချင်းလည်းပါတယ်။ မမ သီချင်းက လက်ရှိအပြင်ဘဝကို စိတ်ကူးယဉ်ပြီးရေးထားတဲ့ သီချင်းလေးလည်း ပါတယ်။ အကယ်၍ လက်ထပ်ကြတဲ့အခါ

ရန်ကုန် ၁ မတ်

 

လူငယ်ကြိုက် ရက်ပ်သီချင်းများကို သီဆိုတတ်သည့် G-Fatt ၏ ဒုတိယမြောက် တေးစီးရီး 120/B ကို မတ် ၂ ရက် က စတင်ဖြန့်ချိသည်။ ယခုအခွေသည် G-Fatt ၏ ဒုတိယခြေလှမ်းဖြစ်သည့်အပြင် ၂၀၁၇ ခုနှစ်အတွင်းက ဖြန့်ချိ ထားခဲ့သည့် ဂျင် တေးစီးရီးထက် ပို၍ ပရိသတ်အတွက် ပြင်ဆင်ထားခဲ့ကြောင်း ၄င်းက ပြောသည်။

 

ရက်ပ်သီချင်းများအနက် အမုန်းကမ္ဘာမှ နေ့စွဲများ၊ 8 Hour 8 Hour စသည့် သီချင်းများကို လူကြိုက် များခဲ့ကြသည့် G-Fatt အနေဖြင့် ယခုတေးစီးရီးကို Frenzo Production မှ ထုတ်လုပ်ထားပြီး Excellent Creation မှ ဖြန့်ချိထားသည်။

 

“ 120/B ဆိုတဲ့ သီချင်းတော့ ဒီအခွေထဲမှာ မပါပါဘူး။ နောက်မှ အမ်တီဗီလေး ရိုက်ပြီးတော့ ပြပေးချင် လို့ပါ။ ဒီအိမ်လေးထဲကနေ ထွက်လာခဲ့ပြီး အခုတော့ ပရိသတ်ရှေ့ရောက်နေတဲ့ အကြောင်းလေးပါ။ ဒီအခွေမှာ အချစ် အကြောင်းတော့ နည်းသွားတယ်။ တစ်ဖက်သတ် စိတ်နာနေတဲ့ အသဲကွဲ သီချင်းလည်းပါတယ်။ မမ သီချင်းက လက်ရှိအပြင်ဘဝကို စိတ်ကူးယဉ်ပြီးရေးထားတဲ့ သီချင်းလေးလည်း ပါတယ်။ အကယ်၍ လက်ထပ်ကြတဲ့အခါ သီချင်းလေးကလည်း စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ မမသီချင်းက ချစ်သူအတွက် ရေးထားတဲ့ သီချင်းပါ။ အချစ်ရေးက ကောင်းနေတော့ အသည်းကွဲ သီချင်းရေးရတာ တော်တော်ခက်တယ်။ ချစ်သူကိုလည်း သီချင်းတွေအတွက်  ဗီလိန်မနည်း လုပ်ခိုင်းရတယ်ပေါ့ ''ဟု တေးသံရှင် G Fatt က ပြောသည်။ အဆိုပါ သီချင်းခွေတွင် သီချင်း ၁၄ပုဒ် ပါဝင်ပြီး G Fatt ကိုယ်တိုင်ရေးသားထားသည်။

 

ကိုလင်း