ဒီအွန်တေးဝိုင်ဒါနဲ့ ထိုးသတ်ပြီးနောက် မတ်လအတွင်းမှာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လာဦးမယ့် တိုင်ဆန်ဖူရီ

ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား တိုင်ဆန်ဖူရီဟာ ဒဗလျူဘီစီဟဲဗီးဝိတ်ပြိုင်ပွဲမှာ အမေရိကန် လက်ဝှေ့သမား ဒီအွန်တေးဝိုင်ဒါကို အနိုင်ရရှိခဲ့ပြီးနောက် ဗြိတိန်လက်ဝှေ့ကျော်တွေဖြစ်တဲ့ ဒီလီယန်ဝှိုက် ဒါမှမဟုတ် ဂျိုးဂျွိုင်စီနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်မတ်လအတွင်းမှာ လက်ဝှေ့ ကြိုးဝိုင်းအတွင်း ပြန်လာဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ 

တိုက်ဆန်ဖူရီဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ၃၁ ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ထွက်ပေါ် ထားပြီး ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမားတစ်ဦးလည်းဖြစ်ပါတယ်။ လာမယ့်မတ်လအတွင်းမှာ တိုင်ဆန်ဖူရီ ထိုးသတ်ဖို့ မျှော်လင့်ထားတဲ့ ဗြိတိန်လက်ဝှေ့သမား ဂျိုးဂျွိုင်စီဟာလည်း ဟဲဗီးဝိတ်တန်းမှာ ၁၃ ပွဲ အနိုင်ရထားပြီး ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒီလီယန်ဝှိုက်ကတော့ လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၃၀ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၂၈ ပွဲ အနိုင်ရရှိထားပြီး နှစ်ပွဲရှုံး ရလဒ်ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

ငွေကြယ်