ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒင် မိန့်ခွန်းပြောကြား

ဝါရှင်တန် ၂၃ ဩဂုတ်

 

ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းသည့်အပေါ် ကြိုဆိုလက်ခံသည့်အနေဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ဂျိုးဘိုင်ဒင်သည် နိုဝင်ဘာလတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမေရိကန်လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်း အဖြစ် အမည်စာရင်းတင်သွင်းလိုက်ပြီး နှစ်ရက်အကြာတွင် ဘိုင်ဒင်က မိန့်ခွန်းပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ အမျိုးသားညီလာခံကို ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းဆွေးနွေးမှုမှတစ်ဆင့် ကျင်းပခဲ့သည်။

 

ဘိုင်ဒင်က မိမိကိုမထောက်ခံသူများအတွက်လည်း မိမိကိုထောက်ခံသူများနည်းတူ အလုပ်ကို ကြိုးစားလုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ သမ္မတ ဆိုသည်မှာ အားလုံးကို ကိုယ်စားပြုကြောင်း၊ မိမိ၏ ပါတီတစ်ခုတည်းအတွက်သာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။

 

လတ်တလောအချိန်တွင် ပါတီစွဲများထားရှိ ရမည့်အချိန် မဟုတ်ကြောင်း၊ အမေရိကန်အတွက် သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။

 

အသက် ၇၇ နှစ်ရှိ ဘိုင်ဒင်သည် မတူကွဲပြားမှု များကို လေးစားမည်ဟု ကတိပေးခဲ့ပြီး ထရမ့်ကြောင့် သဘောထားကွဲနေသည့် နိုင်ငံကို ပေါင်းစည်းရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြေ ကြားလိုက်သည်။

 

ဘိုင်ဒင်က ပြည်တွင်းတွင်၎င်း၏ကြွေးကြော်သံ ပဲ့တင်ထပ် မြည်ဟည်းအောင် လုပ်ဆောင်လျက် ရှိသည်။ ၎င်း၏ကြွေးကြော်သံမှာ “အကောင်းဆုံး ပြန်လည်တည်ဆောက်ဆိုသည့်ကြွေးကြော်သံပင် ဖြစ်သည်။

 

ဘိုင်ဒင်က ကိုဗစ်-၁၉ ကြောင့် ရုန်းကန် ကြိုးစားနေရသည့် အသေးစားစီးပွားရေးလုပ်ငန်းများ၊ လူမှုအသိုက်အမြုံများအတွက်၊ မိသားစုများအတွက် စီးပွားရေးကယ်ဆယ်မှုများကိုလည်း ချက်ချင်းလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

တိုင်ဒင်အား ပြည်သူလူထု၏ ခံစားမှုများကို လုံးဝကိုယ်ချင်းစာနားလည်မှုရှိသည့် အမြော်အမြင် ကြီးသော နိုင်ငံရေးသမားအဖြစ် ကျယ်ကျယ် ပြန့်ပြန့်ရှုမြင်လျက်ရှိသည်။ ၎င်း၏ မိန့်ခွန်းတွင် ၎င်း၏ပထမဇနီးနှင့် ကလေးတစ်ဦး ကားမတော် တဆမှုတွင် ဆုံးရှုံးခဲ့သည်ကို ဖော်ပြပြောဆိုခဲ့သည်။

 

ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူများ၊ နာမည်ကျော်များနှင့် ရီပတ်ဘလစ်ကန်များသည်ပင် လျှင် စည်းလုံးညီညွတ်မှုရှိရမည်ဟူသော ၎င်း၏ သတင်းစကားကို အမေရိကန်တစ်နိုင်ငံလုံး ဖြန့်ကြက်ယူဆောင်သွားခဲ့သည်။

 

အင်န်အိတ်ချ်ကေ