ဒီပဲယင်းမြို့နယ်  ဖုတ္ထန်းတောကျေးရွာတွင် အရှည်ပေ ၁၂၀၀ ရှိ ကွန်ကရစ်လမ်းခင်း

ဒီပဲယင်း   ၂၅   ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောကျေးရွာ၊ ရွာအဝင်လမ်းမကြီးတွင် အရှည်ပေ ၁၂၀၀ ရှိ ကွန်ကရစ် လမ်းခင်းခြင်းကို ဇွန် ၉ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘိလပ်မြေ ၁၀၇၆ လုံး ထောက်ပံ့ခဲ့ပြီး သဲ၊ ကျောက်နှင့် လုပ်အားများအတွက် စေတနာရှင်ပြည့်သူများ၏ လှူဒါန်းငွေကျပ် သိန်း ၇၀ ကျော် အကုန်ကျခံ၍ အရှည်ပေ ၁၂၀၀ ၊ အကျယ် ၁၅ ပေ ၊ အမြင့် ၈ လက်မဖြင့် ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်ပြီး သာသနဟိတတိုက်သစ်ကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက် အဝင်လမ်းများကိုလည်း ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း လမ်းကော်မတီအဖွဲ့ဝင် ဦးမောင်ဦးထံမှ သိရသည်။

 

သိန်းထွန်း(ဒီပဲယင်း)