ဒို့ကျေးရွာဂျာနယ် အတွဲ(၁၆)၊ အမှတ်(၂) ထုတ်ဝေဖြန့်ချီ

နေပြည်တော် ၁၄ ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေလျက်ရှိသည့် ဒို့ကျေးရွာ ဂျာနယ်ကို အသွင်သဏ္ဍာန် အနှစ်သာရပြောင်းလဲကာ ရောင်စုံစာမျက်နှာများဖြင့် ဝေဝေဆာဆာ ထုတ်ဝေ ဖြန့်ချိလျက်ရှိရာ အတွဲ(၁၆)၊ အမှတ်(၂)ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။

 

၁၅-၁-၂၀၁၉ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၆)၊ အမှတ်(၂)တွင် သီးနှံအရည်အသွေး ကျဆင်းစေသော အချက်များ ဖယ်ရှားရန် နည်းလမ်းများ၊ စိုက်ပျိုးရေး ရှေ့ခြေတစ်လှမ်းသာနိုင်ရေး၊ ရိုးပြတ်ကို မီးမရှို့နဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးတယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသည် မြေယာပိုင်ဆိုင်သူ တောင်သူများနည်းတူ မြေယာမဲ့များ၏ ဘဝများပါတိုးတက်မှ ပြီးပြည့်စုံမည် စသည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းနှင့် ဆောင်းပါးများ၊ ဒေသခံရေလုပ်သားများ စီးပွားရေးအဆင်ပြေစေမည့် ခရု(သွေးဂုံး) မွေးမြူခြင်း၊  ဝက်ဝမ်းကျရောဂါ ကြိုတင်ကာကွယ်ပါ၊ ကြောင်မှဖြစ်တတ်သော ကူးစက်ရောဂါများစသည့် မွေးမြူရေးဆိုင်ရာ ဆောင်းပါးများ၊ ဆရာကြီး လယ်တွင်းသားစောချစ်၏ ဒုတိယအရွယ် အခန်းဆက်ဝတ္ထုရှည်၊ ပဉ္စလက်ပိုးစာပင် ပုံပြင်၊ ကျောင်းကပေးသည့်ပညာ ဘာလဲ ဘယ်လဲ၊ ကောင်းနိုးရာရာ အတုယူပါ စသည့် သုတရသ ဆောင်းပါးများ၊ လူနှင့် ကပ်ပါးသန်ကောင်အန္တရာယ်၊  ဦးခေါင်းခွံအတွင်း၌ သွေးခဲခြင်း၊ မျက်စိရောဂါနှင့် အစွမ်းထက်သော နံ့သာဖြူသနပ်ခါး စသည့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ပင်လယ်ငါးဖမ်း လုပ်သားများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး၊ ပဲကြီးစိမ်း ပေါ်ဦးပေါ်ဖျား ဈေးကောင်းဈေးမြင့် ပဲဟောင်းလက်ကျန်နည်းပါးသည့်အပြင် ဈေးမြင့်နေ၊ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိနိုင်သည့် CVT Myanmar သင်တန်းကျောင်းဝင်ခွင့် လျှောက်ထားနိုင်၊ နေရောင်ခြည်စွမ်းအင်သုံး ရေအစက်ချစိုက်ပျိုးနည်းစနစ် အိန္ဒိယစမ်းသပ် စသည်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများ၊ ဒို့ကျေးရွာ ပေးစာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်းမျက်မှောက်ရေးရာ သတင်းများ၊ အင်တာဗျူး၊ ကျေးလက်ရသကဗျာ၊ ကာတွန်း၊ ဟာသ၊ အနုပညာကဏ္ဍ၊ အားကစား၊ ဗေဒင်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိုးလေဝသ ခန့်မှန်းချက် စသည့် ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို သုတရသစုံလင်စွာဖြင့် ဖတ်ရှုရမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)