ဒလမြို့၏ အနောက်ဘက် (၅)မိုင် ခန့်အကွာတွင်  အင်အား ရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

ဒလ ၂၀ ဧပြီ

 

ဧပြီလ (၂၀) ရက် မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၃၆) မိနစ်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၉) မိုင် ခန့်ကွာဝေးသော  ဒလမြို့၏ အနောက်ဘက် (၅)မိုင် ခန့်အကွာတွင်  အင်အား ရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၁၆.၇၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၈) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN