ဒလမြို့နယ်မှ ကျောင်းကိုးကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရ

ဒလ ၆ ဇွန် 

 

ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒလမြို့နယ်ရှိ အခြေခံပညာကျောင်း ကိုးကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက အဆင့်မြင့်တိုမြှင့် ဖွင့်လှစ်ရန် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

 

ဒလမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၇၆ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သုံးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းရှိပြီး အထက(ခွဲ)ကျောင်း တစ်ကျောင်းကို အထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ အလက(ခွဲ)ကျောင်းလေးကျောင်းကို အလယ်တန်းကျောင်းအဖြစ် လည်းကောင်း မူလတန်းကျောင်း လေးကျောင်းကို မူလတန်းလွန်ကျောင်းအဖြစ် လည်းကောင်း အဆင့်တိုးမြှင့် ပေးခဲ့ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ ကျောင်းများ အဆင့်တိုးမြှင့်ပေးခဲ့သည့်အတွက် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိကျေးမှာပင် ဆက်လက်ပညာသင်ကြားခွင့် ရသောကြောင့် အချိန်ကုန် လူပင်ပန်းမှုများ မရှိတော့သလို မိဘများအနေဖြင့်လည်း သားသမီးများ၏ ပညာရေးအတွက် စိုးရိမ်ပူပင်ရမှုများလည်း လျော့ပါးစေ၍ ပညာရေးဝန်ကြီးဌာနအား ကျေးဇူးတင်ကြောင်း ထူးကြီးကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

 

မောင်ယဉ်ဦး(ဒလ)