ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း အောင်ဇေယျဈေးရှိ ညဈေးအား ယာယီပိတ်သိမ်းပြီး ဈေးအတွင်း၌ စနစ်တကျရောင်းချပေး  

ရန်ကုန်  ၁၆  ဧပြီ  

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးအတွက် ဒလမြို့နယ်အတွင်းရှိ ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးတို့၌ အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများ ဝယ်ယူရာတွင် အဆင်ပြေစေရေးအတွက် နံနက် ၆ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး၊ အောင်ဇေယျဈေးအပြင်ဘက်ရှိ ညပိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ညဈေးကို  လတ်တလော အခြေအနေတွင် ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ညဘက် ကုန်စိမ်းရောင်းချသူများ နှင့် ဈေးဝယ်သူများ အဆင်ပြေစေရေးအတွက်  ယနေ့ နံနက် ၆ နာရီက  အောင်ဇေယျဈေးအတွင်း၌  စနစ်တကျရောင်းဝယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိသူများ၊ ဈေးတာဝန်ခံ နှင့် ဝန်ထမ်းများက  ပြန်လည်နေရာစီစဉ်ပေးခဲ့ကြောင်း သိရသည်။  

 

‌ေ

 

“ညနေဈေးက နေ့ခင်း ၂ နာရီကနေ မနက် ၆ နာရီအထိ ရောင်းချနေတာရှိတယ်၊  ညပိုင်းမှာ ရောင်းချခြင်းဖြစ်တာကြောင့် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူစုလူဝေးမဖြစ်စေဖို့ စိုးရိမ်တဲ့အတွက်ကြောင့် ညဈေးကို ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်၊  ဈေးရောင်း၊ ဈေးဝယ်သူတွေ အဆင်ပြေလွယ်ကူစေဖို့ ရောဂါ ကင်းကင်းဝယ်ယူစားသောက်နိုင်ဖို့ အောင်ဇေယျဈေးအတွင်းမှာပဲ ညဈေးရောင်းတဲ့ ဈေးသည်တွေ နဲ့ ဈေးအတွင်း ရောင်းချနေတဲ့ ဈေးသည်တွေကို နံနက်ပိုင်းဈေးဖြင့်သာ စနစ်တကျ နေရာသတ်မှတ်ပေးပြီးရောင်းချစေပါတယ်၊ လာဝယ်တဲ့ပြည်သူ တွေလည်း တိုးပြီးဝယ်ယူစရာ မလိုတော့ဘူး၊ ရောင်းဝယ်တဲ့နေရာမှာ စိတ်ချမ်းသာမှုရှိပြီး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်၊ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေမှ ကျော်လွန်သွားပါက ညဈေးကို ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်မြင့်မြင့်ကြည် က ပြောကြားခဲ့သည်။

 

‌ေ

 

ယနေ့နံနက် ၈ နာရီက အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်မြင့်မြင့်ကြည် နှင့် တာဝန်ရှိသူများက ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများ တပ်ဆင်ပြီး ၃ပေ အကွာမှ ဝယ်ယူကြစေရေး၊ သတ်မှတ်ဧရိယာမှ ရောင်းချစေရေး နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပြောကြားခဲ့ပြီး  နှာခေါင်းစည်းများ အခမဲ့ ဝေငှခြင်းနှင့်  ကိုယ်အပူချိန်တိုင်းစက်ဖြင့် စစ်ဆေးခြင်း  တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ 

 

‌ေ

 

လတ်တလောဖြစ်ပွားနေသော ကူးစက်ရောဂါ  အခြေအနေကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဒလမြို့နယ်ရှိ  ကမာကဆစ်ဈေး နှင့် အောင်ဇေယျဈေးတို့အား သင်္ကနြ်ကာလအတွင်း နံနက်ပိုင်း ၆ နာရီမှ  မွန်းတည့် ၁၂ နာရီအချိန်ထိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ညပိုင်းဖွင့်လှစ်ရောင်းချနေသော ညဈေးကို အရေးပေါ်ကာလ အတွင်း၌ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်းသိရသည်။ 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)