ဒန်နီယယ်ရက်ဒ်ကလစ် ဟယ်ရီပေါ်တာအဖြစ် ပြန်လည်သရုပ်ဆောင်ဖို့ရာ မသေချာ

၄ မတ်

 

တစ်ချိန်က မှော်ပညာအကြောင်း ရိုက်ကူးထားတဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင် ဟယ်ရီပေါ်တာအဖြစ် ပါဝင်ခဲ့သူ မင်းသား ဒန်နီယယ်ရက်ဒ်ကလစ်က နောင်လာမယ့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲမှာ သူ့ကို ဟယ်ရီပေါ်တာအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါက ပါဝင်သွားဖို့ရာ သေချာမယ်လို့မထင်ကြောင်း ဖြေကြားခဲ့တယ်လို့ အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

လတ်တလောမှာ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဒန်နီယယ်ရက်ဒ်က vom “Fantastic Beasts and Where to Find Them" ရုပ်ရှင်တွေမှာ ဟယ်ရီပေါ်တာအဖြစ် ပါဝင်ပေးဖို့ရာ ကမ်းလှမ်းခံရပါက ပါဝင်ဖြစ်ဖို့ရာ မသေချာကြောင်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီပေါ်တာအဖြစ် ဆယ်နှစ်ကြာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားက သူ့ရဲ့ လက်ရှိဘဝ အခြေအနေကို ကျေနပ်ပျော်ရွှင်မိကြောင်း၊ မရိုက်ကူးရသေးတဲ့ ရုပ်ရှင်တစ်ကားအတွက် နှစ်နဲ့ချီကာ ကြိုတင်စာချုပ်ချုပ်ဆိုပြီး အဲဒီလိုဘဝမှာ လှုပ်ရှားရတာကို မနှစ်သက်ကြောင်း ဖွင့်ဟခဲ့တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်