ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ပထမနေ့ ပြုလုပ်

မကွေး ၁၃ ဇွန်    

 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၃/၂၀၁၈)၊ ပထမနေ့ကို ဇွန်လ ၁၂ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မှ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

 

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်း ခြေငွေစာရင်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို အသေးစိတ် ဖော်ပြ၍ လက်မှတ်ရေးထိုးကာ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ ရုံးချိန်အတွင်း တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်သည်ဟု သိရသည်။

 

 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၃/၂၀၁၈) ပထမနေ့ကို နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)