ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

နေပြည်တော် ၁၈ မေ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိ်ုင်သန်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ဆိုင်ရာဥပဒေကြမ်းတို့ကို လွှတ်တော်ကအတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာ သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် တင်ပြထားသော ဦးတင် မောင်မြင့်အား  လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌ(၂) ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူရာ လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ငြိမ်းချမ်းရေးနှင့် အလိုက် သင့် တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှုတို့အတွက် အလုပ်အကိုင်နှင့်သင့်လျော်ကောင်း မွန်သော အလုပ်ဆိုင်ရာတိုက်တွန်းချက် အမှတ်(၂၀၅)ကို မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်က Recommendation 205တွင် လူ့အခွင့်အရေး၊ Social Justice၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခနှင့် သဘာဝဘေးမှပေါ်ပေါက်လာသည့် အကြပ်အတည်းများ၊ ကြိုတင် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို ခြုံငုံကာ ခံနိုင်ရည်ရှိပြီး သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်အရေးကြီးမှုတို့ကို  ခေတ်ကာလနှင့်အညီ ရည်ရွယ်၍ ပြုစုဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိ နိုင်ငံတော်တွင် ဆောင်ရွက် နေသည့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်ရန် Social Justice ဆိုသည့် wording အောက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကို မထိခိုက်စေရန် အထူး သတိပြုဆင်ခြင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးလိုပါကြောင်း။

 

မိမိတို့မြန်မာနိုင်ငံ၏ Social Justice ဖြစ်သည့် လောကပါလတရားနှင့်အညီ လက်ရှိနိုင်ငံတော်၏ မျက်မှောက်ပြုထားရသည့် လုံခြုံရေးအခြေအနေကို မှန်ကန်စွာ တွက်ဆမြော်မြင်ပြီး နိုင်ငံတကာစံနှုန်းများကို မိမိတို့၏ အမျိုးသားရေးစံနှုန်းများနှင့် အပ်စပ်စွာ ပုံဖော်၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြမှသာ တည်ငြိမ်အေးချမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ယှဉ်တွဲ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ၊ ထို့ကြောင့် ILO ညီလာခံ၏ Recommendation 205 ပါအချက်များကို မိမိတို့၏ အမျိုးသားစံနှုန်းနှင့် လုံလောက်သည့် အမြင်ဖြင့် ရှုကြည့်ဆင်ခြင်မှသာ လောကပါလတရားနှင့်ညီသည့် ပြည်သူလူထု၏ ကျေနပ်သော လူမှု့ဘဝကို ဖော်ဆောင်နိုင်ရေးကို ဦးတည်နိုင်မည်ဖြစ်ပါကြောင်း အကြုံပြု ဆွေးနွေး သည်။

 

ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခေါ်)ဦးပြုံးချိုက ငြိမ်းချမ်းရေးနှင့် အလိုက် သင့် တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှုတို့အတွက် အလုပ်အကိုင်နှင့် သင့်လျော် ကောင်း မွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက် အမှတ်(၂၀၅)သည် မြန်မာနိ်ုင်ငံ ILOအဖွဲ့ ဝင်အဖြစ် မဝင်ရောက်မီ ၁၉၄၄ ခုနှစ် တိုက်တွန်းချက်အမှတ် (၇၁)ကို ကျယ်ပြန့်လာ စေရေးနှင့် ပဋိပက္ခနှင့် သဘာဝဘေး အန္တရာယ်များကြောင့် ဖြစ်ပေါ်လာသော အကြပ် အတည်းအခြေအနေများ ပြန်လည်တည်ဆောက်ခြင်းနှင့် အလိုက်သင့် တွန်းလှန်လွန် မြောက်နိုင်စွမ်းရှိမှုတို့အတွက် လူမှုကာကွယ်ရေးဆိုင်ရာ အစီအမံများ ပေါ်ပေါက်အား ကောင်းလာစေရန်၊ ဖွံ့ဖြိုးတိုးတက်ရန်တို့ကို အလေးထားပြီး ပြင်ဆင်ရန် လိုအပ်ချက် အရ ခေတ်နှင့်အညီဖြစ်သော လမ်းညွှန်ချက်ဖြင့် အသုံးပြုရန် ၂၀၁၇ ခုနှစ် ဇွန်လတွင် အတည်ပြုခဲ့ခြင်းဖြစ်ပါကြောင်း။

 

ယခု တိုက်တွန်းချက် အမှတ် (၂၀၅)သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အထောက်အကူပြုမည့် တိုက်တွန်းချက်ဖြစ်လာနိုင် သည့်အတွက် ယခုတိုက်တွန်း ချက်ကို မှတ်တမ်းတင်ပြီး အလေးထားဂရုပြုသင့်ပါကြောင်း ဆွေးနွေးသည်။

 

အလားတူ နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်ထွန်း နှင့် ဒုတိယဗိုလ်မှူးကြီးလှနိုင်တို့က ဆွေးနွေးကြသည်။

 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ရှင်းလင်းဆွေး နွေးသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ နိုင်ငံခြားရေးဝန်ကြီးဌာန အတွက်ကျပ် ၃၁၉ ဒသမ ၆၆၇၆၆ သန်း ခွဲဝေသုံးစွဲခဲ့သည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင်က အဆိုပါ ၃၁၉ ဒသမ ၆၆၇၆၆ သန်းမှာ မြန်မာသံရုံး၊ အစ္စလာမာဘတ် မြို့တွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ မဖြစ်မနေ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေး ပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခွင့် လျှောက်ထားခဲ့ရာ ၂၀၁၈ခုနှစ် မတ် ၂၆ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြိုတင်ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၆/၂၀၁၈တွင် လည်း ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ အဆိုပါခွင့်ပြုချက်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ကုန်ခါနီး တွင်ရရှိသဖြင့် ၂၀၁၈ ခုနှစ် (၆)လစီမံကိန်းတွင် ၎င်းလုပ်ငန်းများ အကောင် အထည်  ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုတင်ပြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ဖြစ်သည့် ငွေကျပ် ၃၁၉ ဒသမ ၆၆၇၆၆ သန်းအား အစ္စလာမာဘတ်မြို့ မြန်မာသံရုံး၏ လုံခြုံရေးအရ အရေးတကြီးလိုအပ်လျက်ရှိသည့် လုပ်ငန်းများအတွက် အရေးပေါ် ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေး ပြည်ထောင်စုလွှတ်တော်ကခွင့်ပြုနိုင်ရန် တင်ပြအပ် ပါ ကြောင်း ရှင်းလင်းတင်ပြသည်။

 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းတင်ပြသည်။

 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က အတည်ပြုသည်။

 

ယင်းနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မ ရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့် အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် တိုးတက် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အထူးလိုအပ်ပါကြောင်း။

 

အချို့တိုင်ကြားချက်များကို စိစစ်ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားခဲ့ရာတွင် စနစ်တကျစိစစ်ခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ကော်မ  ရှင်ထံသို့ အလေးထားပြန်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ထို့အတူ နိုင်ငံပိုင်နှင့်ပုဂ္ဂလိက မီဒီယာများအနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များ ကို ကြိုးပမ်းလေ့လာဖော်ပြခဲ့ခြင်းကြောင့် ကော်မရှင်အနေဖြင့် လွယ်ကူလျင်မြန် စွာသိရှိပြီး အချိန်မီဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သည့်အပြင် ကော်မရှင်၏ လုပ်ဆောင်မှု များကို အချိန်နှင့်တပြေးညီမီဒီယာများက ထုတ်ပြန်ပေးခြင်းများကြောင့် ပိုမိုထိရောက်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အသိပညာ ပိုမိုမြင့်မားပြီး လူ့အခွင့်အရေးဖောက်ဖျက်မှုများ လျော့ပါးစေရန် ဆက်လက် ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

 အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခေါ်)ဦးမောင်စိုး က ဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီအလိုက် ဥပဒေကြမ်းကော်မတီက အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီး မြှပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်ကို မြန်မာနိ်ုင်ငံမှ အတည်ပြုရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ ကန့်ကွက်သူမရှိ သည့်အတွက်  လွှတ်တော်က သဘောတူအတည်ပြုကြောင်းကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ ကို မေ ၂၂ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

 

မျိုးမြင့်၊ မျိုးသူဟိန်း