ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်၊ Victorious Land- ကိုယ်ပိုင် အထက်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ 

နေပြည်တော် ၇ ဩဂုတ် 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်၊ Victorious Land- ကိုယ်ပိုင် အထက်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊  ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ အပါအဝင် ပြည်သူများလာရောက် လေ့လာကြကြောင်းနှင့် စုစုပေါင်း(၂၀၆) ဦး တက်ရောက် လေ့လာကြကြောင်း သိရသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၄၀၉၂၆) ဦး ရှိကြောင်း၊ လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရှိရသည်။  

 

(သတင်းစဉ်)