ဒုတိယအကြိမ်မြောက် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ 

ရန်ကုန်  ၉  ဇွန် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ အားကစားနှင့် ကာယပညာဦးစီးဌာ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ကရာတေးပြိုင်ပွဲ၊ နောက်ဆုံး ဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးသည်။

 

ဆက်လက်၍ Senior တန်း အမျိုးသား/အမျိုးသမီးတစ်ဦချင်း “ခတ” နှင့် “ကုမိတဲ့” ပြိုင်ပွဲ  အမျိုးသား/အမျိုးသမီး အသင်းလိုက် “ကုမိတဲ့”နှင့် အသင်းလိုက် ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့သည်။

 

ဗိုလ်လုပွဲများအပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသား /အမျိုးသမီး အသက် (၁၀, ၁၂, ၁၄)နှစ်တန်းနှင့်သက်ငယ်တန်း “ကုမိတဲ့” နှင့် “ခတ” ပြိုင်များတွင်ပထမ၊ ဒုတိယ နှင့်ပူးတွဲတတိယဆုရရှိသူများအားလည်းကောင်း၊  အမျိုးသမီး Senior တန်း “ခတ” ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက် Senior   “ခတ” ပြိုင်ပွဲ ၊ အမျိုးသမီးတစ်ဦးချင်း Senior တန်း၅၀ကီလို “ကုမိတဲ့” ပြိုင်ပွဲ ၊ အမျိုးသမီးတစ်ဦးချင်း  Senior ၅၅ကီလို “ကုမိတဲ့” ပြိုင်ပွဲ ၊အမျိုးသမီးတစ်ဦးချင်း Senior  ၆၁ကီလိုတန်းအောက် “ကုမိတဲ့” ပြိုင်ပွဲ  ၊အမျိုးသမီးတစ်ဦးချင်း Senior ၆၁ ကီလိုနှင့်အထက် “ကုမိတဲ့” ပြိုင်ပွဲ ၊  အမျိုးသားတစ်ဦးချင်း Senior   တန်း “ခတ” ပြိုင်ပွဲ ၊ အမျိုးသားအသင်းလိုက် Senior တန်း “ခတ” ပြိုင်ပွဲ ၊ အမျိုးသားတစ်ဦးချင်း  Senior ၅၅ကီလိုတန်းအောက် “ကုမိတဲ့” ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း Senior ၆၀ ကီလိုအောက် “ကုမိတဲ့” ပြိုင်ပွဲ ၊အမျိုးသားတစ်ဦးချင်း Senior ၆၇ ကီလိုတန်းအောက် “ကုမိတဲ့” ပြိုင်ပွဲ ၊အမျိုးသားတစ်ဦးချင်း Senior ၇၅ကီလိုတန်းအောက် “ကုမိတဲ့” ပြိုင်ပွဲ နှင့်အမျိုးသားတစ်ဦးချင်း Senior ၇၅ကီလိုနှင့် အထက် “ကုမိတဲ့” ပြိုင်ပွဲများတွင် ပထမ၊ဒုတိယနှင့် တတိယဆုရရှိကြသူများအား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်ကရာတေး ဆပ်ကော်မတီ မှတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပံ္ပ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး နှင့်အဖွဲ့ချုပ်အမှုဆောင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။ 

 

ယင်းနောက် အမျိုးသမီးအကောင်းဆုံးဆုရရှိသော ကယား (က)အသင်းမှ မေမြန်မာညွန့်ဦးခင် နှင့် အမျိုးသားအကောင်းဆုံး ဆုရရှိသူ JKA Mandalay TT အသင်းမှကျော်ဝင်းသူတို့အား မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးစိုးတင့်နှင့် ဂျပန်-မြန်မာကုန်သည်ကြီးများအသင်းမှ Mr. Takura Tani Yama  တို့က အကောင်းဆုံးဆုများ ချီးမြှင့်ပေးသည်။ 

 

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော် ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်တို့မှ ရွှေ ၄ ငွေ ၃ ကြေး ၂ခုဖြင့် ပထမတံခွန် စိုက်ဒိုင်းဆုရရှိသွားသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား တံခွန်စိုက်ဒိုင်း ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)