ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော် ၁၃ ဖေဖော်ဝါရီ  

 

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည် ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုပြီးဖြစ်သည့် စည်ပင် သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် ၁၉၄၈ ခုနှစ် ဆိပ်ကမ်းအလုပ် သမားများအလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းတို့ကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ချင်းပြည်နယ် မတူပီခရိုင် မတူပီမြို့နယ် ရေဇွာမြို့တွင် ရပ်ကွက် ၃ ရပ်ကွက်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်း ဖွဲ့ စည်းထားရှိသော မိုပိုင်းလွတ်မြို့ကို ဟုမ္မလင်းမြို့နယ်အတွင်းသို့ မိုပိုင်းလွတ် အမည် ဖြင့် ထည့်သွင်းဖွဲ့စည်းခြင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရပ်ကွက် ၁ ရပ်ကွက်နှင့် ခင်ဦးမြို့ နယ်တွင် ရပ်ကွက် ၁ ရပ်ကွက် တိုးချဲ့ဖွဲ့စည်းခြင်း၊ ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာ ၉ ရွာ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ ကျေးရွာ ၃၄ ရွာတိုးချဲ့ဖွဲ့စည်းခြင်း၊ ကျေး ရွာ ၁၁၇ ရွာပယ်ဖျက်ခြင်းနှင့် ကွန်ဟိန်းမြို့နယ်တွင် ကျေးရွာ ၁ ရွာ တိုးချဲ့ဖွဲ့စည်းခြင်း တို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ် ပြည် ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၁၃၅၉၅ ဒသမ ၁၆၆ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြကြပြီး လွှတ်တော်က မှတ်တမ်းသည်။

 

ထိုသို့ ရှင်းလင်းတင်ပြရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ကျော်တင်က နိုင်ငံတော်သမ္မတ၏အရေးပေါ်ရန်ပုံငွေမှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန် မာသံရုံးလုံခြုံရေးအတွက် အရေးတကြီး လိုအပ်နေသော လုပ်ငန်းများဆောင်ရွက် သွားမည့်အခြေအနေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ၄ ခွဲ အသစ်ဖွဲ့စည်းရာတွင် လိုအပ်သည့် ငွေလုံး ငွေရင်း အသုံးစရိတ်အတွက် အရေးပေါ်ရန်ပုံငွေမှတောင်းခံသုံးစွဲမည့် အခြေအနေ၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၃၀ ကေဗွီမော်လ မြိုင်-မြဝတီ ဓာတ်အားလိုင်းတည်ဆောက်ရန်အတွက် နိုင်ငံတော်သမ္မတ၏ အရေး ပေါ် ရန်ပုံငွေမှ သုံးစွဲမည့်အခြေအနေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက တာချီလိတ် မြို့နယ် မဲဟောက်ချောင်း မြန်မာဘက်ကမ်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ အတွက် အရေးပေါ်ရန်ပုံငွေမှသုံးစွဲမည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီထံမှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်းပြီး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြ ရာတွင် မြန်မာနိုင်ငံ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းအဆင့်(၂)အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီထံမှ ODA Lone ချေးငွေ ဂျပန်ယန်း  ၁၄ ဒသမ ၉၄၉ ဘီလီယံ ချေးယူသွားမည်ဖြစ်ပါကြောင်း၊ ချေးငွေသက်တမ်းမှာ နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အတိုးကျသင့်ငွေကို တစ်နှစ်လျှင် ၂ ကြိမ်ပေးရမည်ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလကုန်ဆုံးပြီးချိန်တွင် တစ်နှစ်ကို ၂ ကြိမ် နှုန်းဖြင့် အရင်းပြန်လည်ပေးဆပ်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းကြရန် ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာထား သည်။

 

ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားလှယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူ အတည်ပြု ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ကျော်သူထက်